စီးပွားရေးလုပ်ငန်းသည် ဈေးကွက်စီးပွားရေးစနစ်တွင် အရေးကြီးဆုံးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတခု ဖြစ်သည်။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်း ဆိုင်ရာကဏ္ဍများတွင် ကြီးမားသော စိန်ခေါ်မှုများ မေခွန်းပေါင်းများစွာ ပါဝင်နေသည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၊ ခေတ်သစ် ကျွန်စနစ်ဆန်ဆန် စီးပွားရေးလုပ်ငန်းများ ၊ ဆင်းရဲသောနိုင်ငံများမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများ၏ အနာဂတ်များ၊ တို့တွင် ဝေဖန်မှုများစွာ ရှိနေသည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေရှ်နိုင်ငံ မှ အ၀တ်အထည်စက်ရုံ မီးလောင်မှုကြောင့် အလုပ်သမား ၁ထောင် ကျော် အသက်သေဆုံးခဲ့ရသည်။ တချိန်ထဲမှာဘဲ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ကြီးများသည် အာရှနိုင်ငံရှိ ဆင်းရဲသောနိုင်င်ငံများ၏ ဆင်းရဲမွဲတေမှုစနစ်ဆိုးမှ မြှင့်တင်ပေးနိုင်ခဲ့မှုတွင် အဓိကကျသည်။ သို့သော်လည်း တချိန်ထဲမှာပင် အနောက်နိုင်ငံများ၏ စီးပွားရေးမညီမျှမှုများ သိသိသာသာ တိုးလာခဲ့သည်။ အထူးသဖြင့် ဘဏ်နှင့် ဘဏ္ဍာရေးဌာန ထိပ်တန်းခေါင်းဆောင်များ၏ လစာများ၊ ဆုကြေးများသည် အံ့မခန်းမိုးမြင့်အောင် မြင့်မားလာသည်။ ထို့အတူ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းသည် ထိုလုပ်ငန်ဌာနများ၏ အဓိက ပယောကဂ များပါဝင်ခဲ့သည်။ နောက်ဆက်တွဲအနေအနဲ့ ဥရောပတောင်ပိုင်း အထူးသဖြင့် ဂရိနိုင်ငံ၏ အကြွေးမြီးအကျပ်အတည်းတွင် သန်းချိန်သော လူငယ်များ အလုပ်လက်မဲ့ဘ၀ သို့ရောက်ခဲ့ရပြီး သက်ကြီးပိုင်းများတွင်လည်း သူတို့၏ ပင်စင် လစာအတွက် အထူးစိုးရိမ်ပူပန်ကြောင့်ကျခဲ့ရသည်။ ဈေးကွက်စီးပွားရေးစနစ် နှင့် ဒီမိုကရေစီစနစ်သည် အတူဒွန်တွဲနေမှုကို စီးပွားရေးသမိုင်း အစဉ်အလာအရ ကျန်တော်တို့သိရှိခဲ့ပြီးအချိန်တွင် တရုတ်နိုင်ငံ၏ဈေးကွက်စီးပွားရေးစနစ်သည် ထိုနိုင်ငံ၏ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကာရေးတွင် အတူဒွန်တွဲနေခြင်း ရှိမရှိကို ကျန်တော်တို့ ရင်ခုန်စွာစောင့်ဆိုင်း ကြည့်ရှုရတော့မြည်သာဖြစ်သည်။
Source: Sverre A. Christensen ( Article Collection, 2016)
No comments :
Post a Comment