Monday, January 2, 2017

Joseph Stiglitz - Can we make a globalization that works?


စီးပွားရေး နိုဗယ်ဆုရှင်၏ Globalization, အနောက်နိုင်ငံများ၏ မအောင်မြင်သော စီးပွားရေးဗျူဟာများ၊ အာဆီယံနိုင်ငံများ နှင့် BRICS အပေါ် စိတ်ဝင်စားစရာ အတိုချုပ် သုံးသပ်ချက်။





စီးပွားရေးလုပ်ငန်းများ၏ ရာဇ၀င် (၂)

ခရစ်နှစ် ၁၆၀၀ ခန့်များတွင် နယ်သာလန်သည် အခြား ဥရောပ အင်အားကြီးနိုင်ငံများ ၏ အရိပ် နီးပါး စီးပွားရေး စူပါ ပါဝါ နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည်။ နယ်သာလန် သည် ပထ၀ီအားဖြင့် သေးငယ်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးထက် အခြား လုပ်ငန်းများတွင် ရပ်တည်နိုင်သည်။ ထို ရာနှစ်များတွင် နယ်သာလန် သည် ကမ္ဘာ့ ရေလမ်းကြောင်းခရီးကို ထိန်းချုပ်နိုင်ခဲ့သည်။ မြို့တော် Amsterdam သည် ထိုရာစုနှစ်များတွင် ကမ္ဘာ့အရေးကြီးဆုံး ဆိပ်ကမ်းတခု ဖြစ်ခဲ့သည်။  ဒတ်ခ်ျ လူမျိုးများသည် ခရစ်နှစ် ၁၆၀၀ ခန့်က ပင် ဂျပန်နိုင်ငံ သို့ရောက်ရှိခဲ့ကြသည်။ ၁၆၂၄ ခုနှစ်တွင် အမေရိကန်တွင် New Amsterdam ကို စတင် တည်ထောင်ခဲ့သည့် အပြင် Manhattan ဆိုသည်မှာလည်း ဒတ်ခ်ျ ဘာသာစကားပင်ဖြစ်သည်။ နယ်သာလန် နိုင်ငံ တိုးတက်မှုနှုန်း၏ အဓိက အခြေခံမှာ ဘာသာရေး အစွန်းရောက် လူအနည်းစုများအပေါ် သူတို့၏ သည်းခံသဘောထားကြောင့်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘာသာရေး ပဋိပက္ခများမှ ရှောင်ရှားနိုင်ခဲ့သည့်အပြင် ဘာသားရေးအရ ညှင်းဆဲနှိပ်စက်ခြင်းကို ခံရသည့်  တခြား ဥရောပ နိုင်ငံသားများသည် နယ်သာလန် နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြသည်။ ထိုနှိပ်စက် ညှင်းဆဲ ခံရသူများတွင် ပေါ်တူဂီ၊ စပိန် နှင့် ပြင်သစ် နိုင်ငံများမှ ဂျူးများ နှင့် ပရိုတက်စတာများ ဖြစ်ကြသည်။ နိုင်ငံရေး အာဏာရှိသော စီးပွားရေး အကျိုးသည် နိုင်ငံသားများမှာ ရှိနေခဲ့ပြီး တခြား ဥရောပ နိုင်ငံများတွင် ရှိသော ဘုရင် နှင့် မြို့သူကြီးများက ချုပ်ကိုင်ထာသော အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ နယ်သာလန် နိုင်ငံသည် ၁၆၀၀ ခုနှစ်များတွင် သိပ္ပံ နှင့် အနုပညာ ဗဟိုဋ္ဌာန ဖြစ်လာခဲ့သည်။

ဗြိတိန်နိုင်ငံသည် ၁၆၈၈ ခုနှစ် တွင် Glorious Revolution ခေါ်ဆိုသည့် အဆုံးသတ် သွားသော ပြည်တွင်းစစ်ရှည်ကြီးတစ်ခု အပါအ၀င် သူတို့၏ ကိုယ်ပိုင် ဘာသာရေးစစ်ပွဲများ ရှိခဲ့သည်။ ဘုရင့်၏ အာဏာသည် The Bill of Rights နှင့်  ပါလီမန်လွှတ်တော် ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည်။ နယ်သာလန်မှ ဘုရင် အား ခေါ်ဆောင်ပြီးနောက် နိုင်ငံနှစ်နိုင်ငံသည် ဘုံ ဘုရင်စနစ် ကာလ တခုရှိခဲ့သည်။ ထိုနိုင်ငံ နှစ်ခု ရပ်တည်ပြီးနောက် ၁၇၀၀ ခုနှစ်များတွင် နယ်သာလန် နှင့် ဗြိတိန် နိုင်ငံတို့သည် ဦးဆောင်အင်းအားစု အနေဖြင့် တိုးတက်လာသည်။ ကြီးမားတဲ့ ပြည်တွင်း ဈေးကွက်အဖြစ်သို့ ဖန်းတီးပေးသော အင်္ဂလန် နှင့် စကော့တလန် နှစ်နိုင်ငံ ပူးပေါင်းမှုသည် ပထမ အကြောင်းအရင်း တစ်ခုဖြစ်သည်။ ဒုတိယ အနေဖြင့် ကုန်သွယ်ရေး ကို တိုးမြှင့်ပေးနိုင်သော များစွာသော တူမြောင်း နှင့် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး ရေယာဉ်များကြောင့်ဖြစ်သည်။ ထို့နောက် ဗြိတိန် အထက်တန်းစား လူတန်းလွှာများသည် စီးပွားရေးလုပ်ငန်းများသို့ ပိုပြီး တိုက်ရိုက် ၀င်လာကြပြီး စတိုင်မတ်မတ် ဗိုလ်ကျော့ကျော့ အစား ကုန်သွယ်မှု လုပ်ငန်းများတွင် ပိုပြီး ထဲထဲဝင်ဝင် လုပ်ကိုင်လာကြသည်။ နိုင်ငံ၏ အာဏာသည် အဓိကအားဖြင့် ရေတပ် အာဏာပေါ်တွင် မှီခိုထားပြီး နောက်ပိုင်းတွင် ကိုလိုနီ နိုင်ငံများ အပေါ် မှီခိုလာကြသည်။ ကမ္ဘာ့ ပထမဆုံး နိုင်ငံတကာ ကုမ္ပဏီ နှစ်ခုဖြစ်သည့် အရှေ့အိန္ဒိယ ကုမ္ပဏီများသည် နယ်သာလန် နှင့် ဗြိတိန်နိုင်ငံများမှ ဖြစ်သည်။ ကုမ္ပဏီများတွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်သော အစုရှယ်ယာများနှင့် ကန့်သတ် တာဝန်ယူမှုတို့ ပါဝင်ခဲ့ပြီး ထိုအရာများသည် စတော့ ရှယ်ယာ ကုမ္ပဏီများ ဖြစ်တည်မှု အတွက် အဓိက အခြေခံ ဖြစ်ခဲ့သည်။ ထို ကုမ္ပဏီများမှ တဆင့် နောက်ပိုင်းတွင် ကိုလိုနီနိုင်ငံများမှ ရရှိခဲ့သော ကုန်ပစ္စည်းများသည် ဥရောပ နိုင်ငံများ၏ သုံးစွဲမှု ပုံစံအသစ် နှင့် ယဉ်ကျေးမှုတို့ကို အစဉ် ပြောင်းလဲစေခဲ့သည်။ ထိုကုန်ပစ္စည်းများတွင်  ၀ါဂွမ်း၊ ပိုးထည်၊ သကြား၊ ငရုတ်ကောင်း၊ လက်ဖက်ရည်၊ ကော်ဖီ နှင့် ဆေးရွက် အစရှိသည်တို့ဖြစ်သည်။ အထူးသဖြင့် ၀ါဂွမ်းသည် အလွန်ကို အရေးပါခဲ့ပြီး ပထမ စက်မှုတော်လှန်ရေး၏ အဓိက အခြေခံ ကုန်ကြမ်းဖြစ်လာခဲ့သည်။

ဗြိတိန်မှ ပထဆုံး အင်္ဂါရပ် ထို့နောက် အမေရိကန်တွင် ပေါ်ပေါက်ခဲ့သော စီးပွားရေးလုပ်ငန်းများ နှင့် စက်မှုလုပ်ငန်းများ ထူထောင်ရာတွင် မရှိမဖြစ် အရေးကြီးသော မြေပိုင်ဆိုင်မှု ဥပေဒေကို ထူထောင်နိုင်ခဲ့သည်။ ထိုအတွေးအခေါ်ကို အဓိကဖော်ဆောင်ခဲ့သူမှာ လွတ်မြောက်ရေးနှင့်  ဒဿနပညာ ကို အခြေခံယူထားသည့် ဗြိတိသျှလူမျိုး John Locke (1632-1704) ပင် ဖြစ်သည်။ သူသည် နိုင်ငံတော် အာဏာကို ကန့်သတ်ရန် နှင့် လူသားတိုင်းဟာ မွေးရာပါ အခွင့်အရေးရှိသည်ကို အလေးထားပြောကြားခဲ့သည်။ ထို အခွင့်အရေးများ ထဲက တစ်ခုသည် မြေပိုင်ဆိုင်မှုဖြစ်ပြီး ထိုအရာကို ကာကွယ်ပေးမှုသည် နိုင်ငံတော်၏ အရေးကြီးဆုံး တာဝန်ဖြစ်သည်ဟု “Goverment has no other end but the preservation of property” ဟု ပြောကြားခဲ့သည်။ ထို့နောက် ဒဿနပညာရှင်များ၏ အတွေးအခေါ်များသည် အဆင့်ဆင့် တိုးပွားလာသည်။ နောက်တယောက်မှာ ဗြိတိသျှသိပ္ပံ ပညာရှင် Issac Newton(1643-1727) ဖြစ်သည်။ စကော့ ဒဿနပညာရှင် David Hume(1711-1776) and Immanuel kant ကဲ့သို့သော ဒဿနပညာရှင်များ၏ အတွေးအခေါ်များသည် ယနေ့တိုင် လူ့အသိုင်းအ၀ိုင်းတွင် လွှမ်းမိုးနေဆဲဖြစ်သည်။

ထိုဒဿန ပညာရှင်များ၏ အတွေးအခေါ်များသည် လူလတ်တန်းစာ တော်လှန်ရေးများဖြစ်သည့် အမေရိကန်တော်လှန်ရေး (၁၇၇၆) နှင့် ပြင်သစ် တော်လှန်ရေး(၁၇၈၉ )တို့ ၏ အဓိက အခြေခံများဖြစ်ခဲ့ကြသည်။နော်ဝေ နိုင်ငံ၏ အခြေခံ ဥပဒေသည် ထို တော်လှန်ရေးနှစ်ခုမှ အတွေးအခေါ်များကို အခြေခံ ဖွဲ့စည်းခဲ့သည်။ ထိုလူတန်းစားများသည် သူတို့၏ စီးပွားရေးလုပ်ငန်း အကျိုး နှင့် မြေပိုင်ဆိုင်မှု တို့၏ ကာကွယ်မှု ကို လိုချင်ခဲ့မှုသည် လည်း တစိတ်တပိုင်း အပါအ၀င်ဖြစ်သည်။ ထိုအရာများသည် ၁၈၀၀ ၀န်းကျင်မှ စီးပွားရေးလုပ်ငန်း နှင့် ဈေးကွက်စီးပွားရေး စနစ် တိုးတက်ရေး သည် တဖက်၊ အခြားတဖက်တွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတို့ ကြား ဆက်စပ်နေသော ပညတ်တရားကို ကြိုတင်ခန့်မှန်းအုပ်ချုပ်သော စနစ်ကို ဖြစ်ပေါ်စေသည်။ ခရစ်နှစ် ၁၇၀၀ ခုနှစ်မှ ဒဿန တွေးခေါ်ပညာရှင်များကို ပြန်ထပ်ကြည့်လျှင် Adam Smith(1723-1790) သည် အရေးကြီးဆုံး ထဲက တယောက်ဖြစ်သည်။ သူသည် ကိုယ်ကျင့်တရား ဒဿန ပညာရှင် တယောက်ဖြစ်ပြီး စီးပွားရေး ဘာသာရပ်၏ ဖခင် ဟုပင် ခေါ်ဆိုရလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့သည်။

သူ၏ စီးပွားရေးဆိုင်ရာ သီအိုရီသည် စီးပွားရေးအရ ကြွယ်ဝမှု နှင့် တိုးတက်မှုနှုန်းကို တို့၏ မှားယွင်းစွာ နာလည်းခြင်းဟု သူ ဆိုလိုခဲ့သော ကုန်သည်များ (Mercantilism) အပေါ် အခြေခံခဲ့သည်။ ပထမဦးစွာဖြင့်  Plan Economy သည် စီးပွားရေးတိုးတက်မှုနှုန်းကို တွန့်ယုတ်စေသည်ဟု သူသည် ထင်ခဲ့သည်။ ထို့ကြောင့် အစိုးရ၏ စီးပွားရေး လက်ဝါးကြီး အုပ်ချုပ်မှု အစား မမြင်ရသော လက်ဖြင့် စီမံသော စီးပွားရေးဖြင့်(The invisible hand) အစားထိုးရန် အလိုရှိခဲ့သည်။ သူ၏ အဆိုသည် ဖြင့်သည့် (The invisible hand governs economy) သည် ကမ္ဘာ့အကျော်ကြားဆုံး သာဓက တစ်ခုဖြစ်ခဲ့သည်။ စီးပွားရေးလုပ်ငန်း လုပ်လိုသူများ၏ လွတ်လပ်စွာ စတင်တည်ထောင်ခြင်းကို သူသည် လိုလားခဲ့သည်။ အစိုးရ၏ အခွင့်ထူး အပေါ် မှီခိုခြင်း ကို မလိုလားပေ။ ဈေးကွက်သည် ကိုယ်တိုင်ထိန်းချုပ်ကွပ်ကဲခြင်းဖြင့် အားလုံးအတွက် အကောင်းဆုံးဖြစ်သည်ဟု သူက ဆိုသည်။ ဥပမာ အားဖြင့် မြင်းရထားကို ရောင်းလိုသူသည် သူကိုယ်တိုင် မြင်းရထားကို လုပ်ယူခွင့် ရှိရမည်။ အကယ်၍ ၀ယ်မည့်သူ မရှိလျှင် သူရဲ့ ကိုယ်ပိုင် ငွေသာလျှင် သူ ဆုံးရှုံးမည်။ အကယ်၍ သူရောင်းရလျှင် သူကော ၀ယ်သူပါ ကျေနပ်ကြမည်။ မြင်းရထား လုပ်ငန်းမှ ၀င်ငွေ ကောင်းမွန်သော လုပ်ငန်းဖြစ်လာပါက တခြားသူများပါ မနာလို စိတ်ဝင်စားမှု ဖြစ်လာမည့် အပြင် မြင်းရထားလုပ်ငန်းများကို စတင်လုပ်ကိုင်လာမည်။ဤသို့ဖြင့် ၎င်းတို့၏ ဈေးကွက် ဝေစုကို ရရှိလာမည်။ ဤ ဈေးကွက် ပြိုင်ဆိုင်မှုသည် ဈေးသက်သာသော ပို၍အရည်အသွေးကောင်းမွန်သော မြင်းရထားထုတ်လုပ်ခြင်းကို ဦးတည်စေသည်။ အစိုးရ၏ ထိန်းချုပ်ခြင်း မရှိဘဲ ထို မမြင်ရသော လက်၏ စီမံကွပ်ကဲခြင်းဖြင့် ဈေးကွက်တွင် ဈေးသက်သာသော ကောင်းမွန်သော မြင်းရထားများကို ရရှိနိုင်သည်။ ထို မြင်းရထား ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း နောက်ကွယ်တွင် ကိုယ်ပိုင် အကျိုးစီးပွား ဟူသည့် အင်းအားတခုရှိနေသည်။ ထိုအရာသည် ငွေရရှိရန် ကောင်းမွန်သော ကုန်သွယ်ရေး တခုကို ဖြစ်စေရန် အလိုရှိစေသည်။

Adam Smith ၏ သီအိုရီအား အခြေခံပြီး နိုင်ငံများ၏ တိုးတက်မှု နှင့် သာယာဝပျော် မှုသည် ရွှေအရေအတွက် မည်မျှ ရှိသည်အပေါ်တွင် မမူတည်ဘဲ ၊ ဘယ်လောက် ထုတ်လုပ်နိုင်မှု အပေါ်တွင် မှုတည်သည်ကို နားလည် လာကြသည်။ သူ၏ ထိုသီအိုရီသည် ကုန်ပစ္စည်းများ နှင့် ၀န်ဆောင်မှု အားလုံး၏ ထုတ်လုပ်မှု ရလဒ်ဖြစ်သည့်  စုစုပေါင်း ပြည်တွင်း ထုတ်ကုန်(GDP) သည် ယနေ့ခေတ် စီးပွားရေးကြွယ်ဝမှု၏ ပန်တိုင်ဖြစ်သည်တို့၏ အခြေခံဖြစ်သည်။ ထို့ကြောင့်  ကုန်သွယ်ရေးသည် ထုတ်ကုန် နှင့် ကျွမ်းကျင်မှု တို့၏ တိုးတက်မှု ကို ဖြစ်စေရမည်ဟု သူသည် ဆိုလိုသည်။ စီးပွားကူးသန်းရေး၏ အားသာချက်သည် နိုင်ငံ (၀ါ) စီးပွားရေးလုပ်ငန်းများသည် သူတို့၏ သူတို့၏ ကျွမ်းကျင်မှုဆိုင်ရာ ကုန်ထုတ်လုပ်များတွင် အာရုံစူးစိုက်နိုင်ခြင်း တစ်ရပ်ဖြစ်သည်။ သူတို့သည် သူတို့၏ နှိုင်းယှဉ် အားသာချက်ကို အထူးပင် အသုံးချနိုင်သည်။ ကိုယ်ပိုင် အားသာချက်ကို အသုံးခြမှု နှင့် ကျွမ်းကျင်မှု တို့ကို အထူးဂရုစိုက် နိုင်လျှင် ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းသည် သိသိသာသာ တိုးတက်လာမည်။ကုန်ထုတ်လုပ်မှု ကျွမ်းကျင်မှုသည် ဈေးကွက် တခုအတွက် အများဆုံး ထုတ်လုပ်နိုင်မှု အပေါ်တွင် မူတည်သည်ဟု Smith က ဆိုခဲ့ပြန်သည်။ Smith ၏နောက်ထပ် ကျော်ကြားသော ကိုးကားမှုတစ်ခု သည် “That the division of labour is limited by the extendt of the marked” ဖြစ်သည်။ လုပ်ငန်းတာဝန် ခွဲဝေခြင်း၏ အဆင့်ဆင့်သည် ဈေးကွက် အာဖြင့် ကန့်သတ်ထားခြင်း ခံရသည်။ ဈေးကွက် ဖြန်ကားရေးသည် စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်း (၀ါ) ကုန်ထုတ်လုပ်မှု ကျွမ်းကျင်မှုတို့နှင့်လည်း အပြန်အလှန် မှီခိုနေသည်။ ထို့ကြောင့်  စီးပွားရေးလုပ်ငန်းများသည် ကျွမ်းကျင် ထုတ်လုပ်မှုတို့၏ တစ်ဦးစုပေါင်းယူနစ် ဟု သတ်မှတ်နိုင်သည်။ စုပေါင်းယူနစ် ဆိုသည်မှာ လူအများ ပူပေါင်း ဆောင်ရွက်လုပ်ကိုင်ခြင်းကို ဆိုလိုသည်။ စီးပွားရေးလုပ်ငန်း အများစုတွင် လူအများ ပူပေါင်းဆောင်ရွက်ခြင်းနှင့် ကျွှမ်းကျင်းခြင်း ဆိုင်ရာများရှိသည်ကို တွေ့ရမည်။

ကုန်ထုတ်လုပ်ရေး စီးပွားလုပ်ငန်းများသည် အထူးထုတ်ကုန် တစ်ခုကို ထုတ်လုပ်ခြင်းအားဖြင့် ထိုကျွမ်းကျင်မှု ဆိုင်ရာ ထုတ်လုပ်ရေးကို ကိုယ်စားပြု သည်။ ဥပမာအားဖြင့် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုသည် ရှပ်အကျီများကို ထုတ်လုပ်ခြင်းဖြင့် ရှပ်အကျီ အထူးထုတ်လုပ်ရေး လုပ်ငန်းကို ကိုယ်စားပြုသည်။ ဒါ့အပြင် ထုတ်လုပ်ရေး လုပ်ငန်းအတွင်းရှိ ထုတ်လုပ်ရေး ကျွမ်းကျင်မှုဆိုင်ရာများလည်း ပါဝင်သည်။ ဤနေရာတွင် Smith သည် ကြီးမားသော တိုးတက်မှုနှုန်း အလားအလာ ရှိနိုင်သည်ဟု ဆိုခဲ့သည်။ သူသည် ထိုနေရာတွင် ပင်အပ်စက်ရုံလုပ်ငန်းများကို ဥပမာပေး၍ သရုပ် ဖော်ပြသွားသည်။ ဆိုကြပါစို့ လူတယောက်သည် တနေ့ကို ပင်အပ် အချောင်း၂၀ ထုတ်လုပ်နိုင်လျှင် လူ ၁၀ ယောက်သည် တနေ့ကို အခု ၂၀၀ ပြီးအောင် လုပ်နိုင်မည်။ ဒါပေမယ့် Smith သည် ထို လူ ၁၀ ယောက်က အထူး ထုတ်ကုန်အစိတ်အပိုင်း တာဝန်ကို လူတယောက်စီတာဝန်ယူခဲ့မည်ဆိုပါက ကုန်ထုတ်လုပ်မှု သိသိသာသာ တိုးတက်လာမည် ဟု ဆိုခဲ့သည်။ ဤသို့ဖြင့် တနေ့ကို ပင်အပ် အချောင်း ၄၈၀၀ ထောင်နီးပါး ထုတ်လုပ်လာနိုင်မည်ဟု သူသည် ဆိုခဲ့သည်။ Smith ၏ အခြေခံ ၃ချက်အားဖြင့် ကုန်ထုတ်လုပ်မှု ထိရောက်မှုသည် သိသိသာတိုးတက်လာသည်။ ပထမ အချက်မှာ ၀န်ထမ်းများသည် အထူးလုပ်ငန်းတာဝန် လုပ်ဆောင်ခြင်းဖြင့် ပို၍ ကျွမ်းကျင်လာကြသည်။ ဒုတိယအချက်မှာ လုပ်ငန်းတာဝန်များ ကို ရွှေ့ပြောင်းခြင်း မပြုဘဲ ထုတ်လုပ်မှု အချိန်များကို ချွေတာနိုင်သည်။ နောက်ဆုံးအားဖြင့်း လုပ်ငန်းတာဝန် အသီးသီးတွင် ကိရိယာများ နှင့် အထူးတန်ဆာပလာ များတပ်ဆင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုပိုင်းတွင် ပို၍လွယ်ကူစေသည်။ ဤသို့ဖြင့် Adam Smith အလွန် နှစ်ပေါင်း ၂၅၀ အတွင်း  သူ၏အခြေခံများနှင့် အခြားသော ယန္တယားများကို အခြေခံကာ ကုန်ထုတ်လုပ်မှု စီးပွားရေး အပိုင်းတွင် လုံးဝ ဥဿုံ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ထိုမှတဆင့် စက်မှုတော်လှန်ရေးသုံးခု အတွင်း ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများသည် သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။

ပထမ စက်မှုတော်လှန်ရေးသည် ၁၇ ရာစု အလယ်ပိုင်းခန့်မှ ဗြိတိန်နိုင်ငံတွင် စတင်ဖြစ်ပေါ်ခဲ့သည်။ အထည်ချုပ်လုပ်ငန်းများတွင် အမျိုးမျိုးသော စက်ပစ္စည်းများ တီထွင် တပ်ဆင်နိုင်ခြင်း၊ တချိန်ထဲမှာပင် ရေနွေးငွေ့သုံး အင်ဂျင် နှင့် ရထားလမ်းများ တီထွင် အသုံးပြုနိုင်ခြင်း မှ အစပြုခဲ့သည်။ ပထမ စက်မှုတော်လှန်ရေး၏ သိသာထင်ရှားသော အချက်မှာ စက်ရုံလုပ်ငန်းများ စတင် တည်ထောင်နိုင်ခြင်းဖြစ်သည်။ ထို့စက်ရုံများမှ ဟိုးအရင်ခေတ်ကာလ များမှ မကြုံဖူးသော လူသားစွမ်းရည်၏ ထိရောက်မှုများကို တွေ့ မြင်လာကြရသည်။ ၁၈ ရာစု အကုန်ပိုင်းတွင် အရင်းအနှီးနှင့် အသိပညာပိုင်းများ လိုအပ်သော ပို၍ကြီးမားသော ထုတ်လုပ်မှုလုပ်ငန်းများအဖြစ် အသစ် အမျိုးအစား စက်မှုလုပ်ငန်းများကို တွေ့ မြင်လာရသည်။ ထိုအရာကို ဒုတိယ စက်မှုတော်လှန်းရေး ဟုခေါ်တွင်ခဲ့သည်။ အမေရိကန် နှင့် ဂျာမနီ တို့သည် ထိုဒုတိယစက်မှုတော်လှန်ရေး ကို ဦးဆောင်ခဲ့သော နိုင်ငံများ ဖြစ်သည်။  စုပေါင်းကုန်ထုတ်လုပ်ခြင်း အားဖြင့် အစုလိုက် အပြုံအလိုက် ကုန်စည်ထုတ်လုပ်မှုများ သည် အဓိက အင်္ဂါရပ် ဖြစ်သည်။ ဤသို့ဖြင့် များစွာသော လူဦးရေသည် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ခြင်းမှ မြို့များရှိ စက်မှုလုပ်ငန်းများသို့ သိသိသာသာ ရွှေ့ပြောင်းလုပ်ကိုင်သော အနောက်ဖက် နိုင်ငံများ၏ ခေတ်မှီ လူ့အဖွဲ့အစည်းတခုအဖြစ်သို့ ရောက်ရှိစေသည့် အဓိက အခြေခံ ဖြစ်စဉ် ဖြစ်သည်။

လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းကို အခြေခံကျကျ ပြောင်းလဲပေးနိုင်သော ထိုဖြစ်စဉ်များကြောင့် တော်လှန်ရေး ဟုခေါ်တွင်စေခဲ့သည်။ တချိန်ထဲမှာပင် အချိန်အတော်ကြာ ဆန့်ယူခဲ့ရသော ဖြစ်စဉ်များလည်းဖြစ်သည်။ ထို ဒုတိယ စက်မှုတော်လှန်ရေးသည် ၁၈၈၀ ၀န်းကျင်ခန့်မှ စတင်ခဲ့သည်။ သို့သော် ထိုတော်လှန်းရေး၏ အဆုံးသတ် အချိန်ကို သတ်မှတ်ရန် ပို၍ ခက်ခဲခဲ့သည်။ တဖက်မှာ သဘာဝ အခြေခံသဘောအရ ပထမ ကမ္ဘာစစ် ၁၉၁၄ ခုနှစ်တွင် အဆုံးသတ်သည်ဟု သတ်မှတ်နိုင်သလို တဖက်တွင် အရေးပါသော ရပ်တည်ချက် အရ အမေရိကန်ရှိ စတော့ရှယ်ယာဈေးကွက်များ တဟုန်ထိုးကျဆင်းခဲ့သည့် ၁၉ ၂၉  ဟု သတ်မှတ်ကြသည်။ သို့သော် ဒုတိယ စက်မှုတော်လှန်ရေး ခေတ်သည် တတိယ စက်မှုတော်လှန်းရေး စတင်ခဲ့သည့် ၁၉၈၀ အထိ ရှည်လျားခဲ့သည်။

Digitization, Liberalization and Globalization တို့သည် တတိယ စက်မှုတော်လှန်းရေး ဟုခေါ်တွင်သော ဖြစ်စဉ်၏ နောက်တွင် အဓိက သိသိသာသာ ရပ်တည်ခဲ့သည်။ Digitization ဆိုသည်မှာ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးကို ဆိုလိုသည်။ အခြေခံအားဖြင့် ထိုအရာသည် အလိုလျောက် ကုန်ထုတ်လုပ်ငန်းများအတွက် မရှိမဖြစ် အခြေခံဖြစ်သည်။ နောက်ပိုင်းတွင် မတူညီသော သတင်းအချက်အလက် နှင့် နည်းပညာ အစိတ်အပိုင်းများသည် ထုတ်ကန်ုပစ္စည်းများ၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ မိုဘိုင်းတယ်လီဖုန်းများ နှင့် အင်တာနက်များ သိသာထင်ရှားလာသည့် ၁၉၉၀ နောက်ပိုင်းမှ စ၍ အသစ် သစ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး တို့ကို သုံးစွဲခြင်းဖြင့် စီးပွားရေးလုပ်ငန်းများသည် တဖြေးဖြေး ဆက်လက် ပြောင်းလဲ လာကြသည်။ မတူညီသော ပုံစံများဖြင့် ဈေးကွက်စနစ်ကို သိသိသာသာ တိုးတက် အသုံးပြုလာခြင်းကြောင့် Libelralization သည် များသောအားဖြင့် နိုင်ငံရေးကို ရည်ညွှန်းခြင်းဖြစ်သည်။ ဗဟိုအင်္ဂါရပ်အဖြစ် စတော့အိတ်ချိန်းများသည် ပို၍ အရေကြီးလာကြပြီး ရှယ်ယာရှင် အရင်းရှင်စနစ် ပေါ်ပေါက်လာခဲ့သည်။ Globalization သည် နိုင်ငံတကာ ကုန်သွယ်ရေးစနစ် တိုးတက်လာခြင်းကို ဆိုလိုသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများသည် တခြားသော နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းခွဲများ ကို တည်ထောင်လာကြသည်။ ဗဟိုအင်္ဂါရပ် အဖြစ် အာရှနိုင်ငံများသည် စီးပွားရေး အင်အား ကြီးလာကြသည်။ ပထမ ဦးစွာဖြင့် ဂျပန် သည် ၁၉၇၀ ခုနှစ်များကို အမေရိကန်၏ စီးပွားရေးကို စိန်ခေါ်လာနိုင်ခဲ့သည်။ ယနေ့ခေတ်တွင် တရုတ် သည် အနောက်နိုင်ငံများ၏ အဓိက စိန်ခေါ်ပြိုင်ဖက် ဖြစ်လာသည်။ Digitization, Liberalization and Globalization တို့၏ ဆက်နွယ်မှုဖြစ်စဉ်  အချိန်ကြာမြင့်စွာ တည်ရှိနေနိုင်ပြီး တတိယစက်မှုတော်လှန်ရေး၏ အဆုံးသတ်ကို ခန့်မှန်းရန်မှာ မလွယ်ကူသော အရာပင်ဖြစ်သည်။

Monday, December 26, 2016

စီးပွားရေးလုပ်ငန်းများ၏ ရာဇ၀င် (၁)

စက်မှုလုပ်ငန်း အောင်မြင်မှုများ မတိုင်မှီ ရှေးကာလများတွင် အများစုသည် စားသုံးမှုအတွက် ထုတ်လုပ်သော တောင်သူလယ်သမားများ ဖြစ်ကြသည်။ သူတို့သည် အစားအသောက်၊အနေအထိုင်၊ အ၀တ်အထည်တို့ကို ကိုယ်တိုင် လုပ်ယူကြရသည်။ လက်ဝတ် ရတနာ နှင့် တန်ဆာ ကဲ့သို့သော ပစ္စည်းတချို့ကိုသာ ၀ယ်ယူအသုံးပြုသည်။ ကိုယ်ပိုင် ဖူလုံရေး  ကြီးစိုးသော ကာလဖြစ်သည်။ ရာစုနှစ် (၅၀၀-၁၅၀၀) ခန့်များတွင်  ကိုယ်ပိုင်ဖူလုံမှု အတွက် ၉၀ % သည် ကိုယ်ပိုင် သုံးစွဲမှုအဖြစ်ရှိပြီး ကျန်ရှိသော ၁၀ % သာလျှင် ဈေးကွက်မှ လာသည်။ အတိအကျဆိုရလျှင် ဈေးကွက် ဆိုသည်မှာ စတုရန်းပေ အနည်းငယ် အကျယ်အ၀န်းရှိသော မြို့တွင်းများမှ ဈေးကို ဆိုလိုခြင်းဖြစ်သည်။ ဒါမှမဟုတ် မြင်းတကောင်ဖြင့် နယ်တကာလှည့် ဈေးရောင်း သည့် သူများလည်း ဖြစ်နိုင်သည်။ သို့ ဖြင့် ဈေးသည် အလွန်မကြီးပေ၊ ဈေးကွက်၏ လည်ပတ်သော ငွေကြေး ပမာဏသည်လည်း အနည်းငယ်သာရှိသည်။ တနည်းအားဖြင့် တစ်ဦးရပ်တည်ရေး စီးပွားရေး ပုံစံဖြစ်သည်။ အလယ်ရာစုနှစ် ၏ ပဒေသရာဇ် လူ့အဖွဲ့အစည်း ပုံစံကြောင့်ဖြစ်သည်။ ဧကရာဇ် ဘုရင်သည် သူ၏ စစ်သည်တော်များကို လစာဖြင့် ချီးမြောက်ဆက်သနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကိုယ်ပိုင်ဖူလုံးရေး စီးပွားရေးကို အုပ်စိုးရသော မြို့သူကြီးများ နှင့် အပေးအယူပြုရသည်။ ဤသို့ဖြင့် ကျွန်စနစ် ဖြစ်လာသည်။ ဘုရင်သည် မြို့သူကြီးများကို အကာအကွယ် နှင့် အာဏာကိုပေးသည်။ မြို့သူကြီးများသည် စစ်မက်ဖြစ်ပွားရာတွင် ဘုရင်ကို ထောက်ပံ့ပေးသည်။ ထိုခေတ် စီးပွားရေးစနစ်၏ အုတ်မြစ်အခြေခံသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးမွေးမြူရေး ပင်ဖြစ်သည်။ ဤသို့ဖြင့် အလယ်ရာစုနှစ်ခေတ်သည် စီးပွားရေး အရှိန်အဟုန် လွှမ်းမိုးနိုင်သော ခေတ်တခေတ် မဖြစ်ခဲ့ပေ။

သို့သော်လည်း နောက်ပိုင်းတွင် တဖြေးဖြေး ဈေးကွက်များသည် အရေးပါလာပြီး စီးပွားရေး တိုးတက်မှုအတွက် မရှိမဖြစ် ဖြစ်လာသည်။ ဈေးကွက်များ ပေါ်ပေါက်ထွန်းကားရေးသည် ငွေကြေး စီးပွားရေးနှင့် မြို့ ပြ ဖြန့်ဝေ ပေါ်ပေါက်ရေးနှင့် အပြန်အလှန်ဆက်စပ်နေသည်။  မြို့ ပြကြီးများသည် ပြည်သူ့အုပ်ချုပ်ရေး နှင့် စီးပွားရေး လုပ်ငန်းများ၏ ထုတ်လုပ်ရေး တို့ဖြင့် အခြေခံထားသည်။ ထိုခေတ်၏ အလုပ်ရုံများ၏ အရေးကြီးဆုံးသည် Guilds များဖြစ်ကြသည်။ သူတို့သည် လက်မှုပညာသည် အဖွဲ့အစည်း၊ ကုန်သည် အဖွဲ့အစည်း အဖြစ် ကုန်ပစ္စည်း ထုတ်လုပ်မှု နှင့် ရောင်းချမှု များကိုပြုလုပ်ကြသည်။ ထိုပစ္စည်းများတွင် ပုံစံ အမျိုးမျိုးသော လက်မှုပစ္စည်းများ နှင့် ထိုခေတ် ဇိမ်ခံပစ္စည်းများ ဖြစ်နိုင်သည်။ Guilds များသည် လွတ်လပ်သော အဖွဲ့အစည်းအဖြစ် လုပ်ဆောင်နိုင်သကဲ့သို့  ဥပဒေရေးရာ ပုဂ္ဂိုလ် အဖြစ်ပါ လုပ်ဆောင်နိုင်ခဲ့သည်။ သူတို့၏ အခြေခံအုပ်မြစ်များသည် ယနေ့တိုင် ခေတ်သစ် စတော့ရှယ်ယာလုပ်ငန်းများတွင် ဥပဒေရေးရာ ပုဂ္ဂိုလ်များအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

Guilds များ၏ စည်းမျဉ်း စည်းကမ်းများသည် အီတလီ မြောက်ပိုင်း ဒေသများတွင် ကျန်ရစ်ခဲ့သည်။ ထိုမှတဆင့် အနောက် ဥရောပ ဒေသ တော်တော်များများသို့ ပြန့်နှံပြီး ကျယ်ကျယ်ပြန့် ကျင့်သုံးလာခဲ့သည်။ Firenze ရှိ အထည်လုပ်ငန်းများတွင် အထူးပြု အသုံးပြုသလို  Milan တွင်လည်း သံမဏိ နှင့် လက်နက် လုပ်ငန်းများတွင် အသုံးပြုသည်။ ခရစ်နှစ် ၁၀၀၀ ခန့်မှ စ၍ ဥရောပ ရှိမြို့ ပြများသည် တိုးချဲ့လာကြသည်။ ခရစ်နှစ် ၁၃၀၀ ခန့်မှစ၍ အီတလီမြောက်ပိုင်း ဒေသများတွင် မြို့ ပြများ တိုးမြှင့်လာပြီး ဈေးများလည်း တိုးတက်လာကြသည်။ Firenze, Genova, Milano and Venezia မြို့များ တွင် လူဦးရေ ၁ သိန်း ခန့် ရှိလာကြသည်။ ထိုမှ စပြီး ပထမဆုံး Compagnia, စကားလုံး Company ဆင်းသက်လာခဲ့သည်။ ခေတ်သစ် ဘဏ်လုပ်ငန်းများသည် ထိုမြို့ များ မှ အစပြုထွန်းကားလာခဲ့သည်။ Account- Agio, Bank- Banco အစရှိသော လုပ်ငန်းနှင့် ပတ်သတ်သော စကားလုံး အများစုသည် အီတလီ စကားအများစုမှ ဆင်းသက်လာသည်။

စီပွားရေးလုပ်ငန်းများ နှင့် ဈေးကွက်များ ပျံ့နှံ့ ကျယ်ပြန့်လာမှု နှင့်အတူ ပထမဦးစွာ Firenze တွင် အနုပညာစာပေတွင် စိတ်ဝင်စားမှုပြန်လန် ဆန်းသစ်လာသည့် ( Renaissance) ယဉ်ကျေးမှုတခု နောက်တကျော့ပြန် ထွန်းကားလာသည်။ တဖန်ပြန်လည်မွေးဖွားခြင်း ဟုအဓိပ္ပါယ်ဆောင်သော အလယ်ပိုင်း ကာလ အမှောင်ကျချိန်ကို မေ့ထားခဲ့ပြီး ဘာသာရေး အယူဝါဒကြီး အောက်မှ ရုန်းထွက်လွတ်မြောက်လာသည့် ရှေးကာလမှ အတွေးအခေါ်၊ စိတ်ကုများ နှင့် အနုပညာများ တဖန်ထွန်းကားလာသည်။ အနုပညာ၊ ဒဿန အားဖြင့် သဘာဝတရားကို နားလည်ခြင်း၊ သိပ္ပံပညာ၊ ဆန်းသစ်တီထွင်မှု နှင့် Humanism များ ရှေ့ဆက် ပျိုးထောင်လာသည်။ Leonardo Da Vinci (1452-1519) ကို ပထမဆုံး တဖန်ပြန်လည်မွေးဖွားလာသော လူသားအဖြစ် သတ်မှတ်ကြသည်။ သူသည် သိပ္ပံ အနုပညာကို စေ့စပ်နှံ့စပ်သည့် စကြ၀ဋာ ပါရမီရှင် တယောက်ဖြစ်သည်။Michelangelo(1475-1564) သည် နောက်ထပ် အရေးကြီးသော ပါရမီရှင်တယောက်ဖြစ်သည်။ သူသည် ကမ္ဘာ့ အရေးကြီးဆုံး အနုပညာအများစု၏ နောက်တွင် ရပ်တည်နေသည်။ Nic Machiavelli( 1469-1527)
၏ ဘာသာရေးကို အခြေမခံဘဲ ရေးသားထားသည့် နိုင်ငံတော် သီအိုရီ၊ နိုင်ငံရေးဗျူဟာများ နှင့် သံတမန်ခင်းရေးရာတို့သည် မှတ်သားစရာဖြစ်သည်။

ထိုကဲ့သို့ အီတလီမြောက်ပိုင်း ဦးဆောင်နိုင်မှုတွင် အဓိက နှစ်ချက်ပါဝင်ခဲ့သည်။ ပထမ အချက်သည် Rome ရှိ ပုပ်ရဟန်းမင်းကြီး ဆီသို့ များစွာသော ငွေကြေးပမာဏ ပို့ဆောင်မှုဖြစ်သည်။ ဥရောပ တခွင်မှ ပြည်သူပြည်သားများနှင့် ခရစ်ယာန်ဘုရားကျောင်းများသည် ပုပ်ရဟန်းမင်းကြီးဆီသို့ ငွေးကြေး ပို့ဆောင်ကြသည်။ ထိုငွေသားများကို ပုပ်ရဟန်းကြီးသည် အီတလီမြောက်ပိုင်းဒေသ အများစုတွင် အသုံးပြုခဲ့သည်။ ဒုတိယအချက်အနေဖြင့် ပထ၀ီအနေအထားပင် ဖြစ်သည်။ ထိုအီတလီမြောက်ပိုင်းဒေသများသည် အလယ်ပိုင်းနှင့် အာရှဒေသများ တို့နှင့် ကုန်သွယ်စီးဆင်းမှုတွင် အရေးပါဆုံးမြို့များဖြစ်သည်။ အထူးသဖြင့် Venezia သည် အချက်အချာ အကျဆုံးဖြစ်သည်။ ဤသို့ဖြင့် အီတလီမြောက်ပိုင်းဒေသများသည်  ထိုကုန်သွယ်စီးဆင်းမှု၏ အဓိက အချက်အချာအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။

ခရစ်နှစ် ၁၅၀၀ ၀န်းကျင်ခန့်မှ စ၍ အီတလီမြောက်ပိုင်း ဒေသများ၏ အခန်းကဏ္ဍများသည် မှေးမှိန်လာခဲ့သည်။ တိုးတက်မှုနှုန်း၏ အရေးကြီးအချက်အချာသည် ဥရောပ အနောက်မြောက်ဒေသများသို့ ရွှေ့လျားသွားခဲ့သည်။ အဓိက အကြောင်းအရင်းတခုသည် ပုပ်ရဟန်းမင်းကြီး၏ အခန်းကဏ္ဍ မှေးမှိန်စေသော ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ဤသို့ဖြင့် အီတလီ နှင့် ရောမ သို့ စီးဝင်နေသာ ဘဏ္ဍာရေး စီးကြောင်းသည် ပါးသထက် ပါးလာသည်။ နောက်ထပ် အရေးကြီးဆုံး တချက်မှာ အာရှ နှင့် အမေရိကတိုက်သို့ ရေခရီးလမ်းကြောင်း ရှာဖွေတွေ့ရှိမှုပင်ဖြစ်သည်။ ထိုသို့ဖြင့် ဥရောပတိုက်၏ အတ္တလန္တိတ် သမုဒ္ဒရာကမ်းရိုးတန်းရှိ နိုင်ငံများ နှင့် မြို့များသည် အီတလီ မြောက်ပိုင်းဒေသများ၏ အခန်းကဏ္ဍကို တဖြေးဖြေး အစားထိုး ၀င်ရောက်လာကြသည်။ အမေရိကတိုက် အား ရှာဖွေတွေ့ရှိမှုသည် စပိန်တို့အား ဥရောပတိုက်တွင် အင်အား အတောင့်တင်းဆုံးနိုင်ငံ အဖြစ်သို့ ခရစ်နှစ် ၁၅၀၀ ၀န်းကျင်ခန့်တွင် ရောက်ရှိစေခဲ့သည်။ ရွှေ နှင့် ငွေ တင်သွင်းမှုသည် စပိန်တို့အား ဘဏဏ္ဍာရေး တောင့်တင်းစေသည်။ သို့သော်လည်း ထိုအရာသည် မြင့်မားသော ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည်။ ဒါ့အပြင်  ဥစ္စာဓန ၀င်ရောက်ခွင့်တို့သည် စပိန် အထက်တန်းစား လူမျိုးများ နှင့် အလုပ်သမား လူမျိုးတန်းကြား ကွာဟမှုကြီးစေပြီး ဖိနှိပ်ချုပ်ချယ်မှုများ များပြားလာခဲ့သည်။ ထိုအကြောင်းအရာများသည် စပိန်၏ အခန်းကဏ္ဍကို ကျဆုံးစေခဲ့သည်။ ထို့နောက် ဥရောပ၏ တိုးတက်မှုနှုန်း အချက်အချာသည် မြောက်ပိုင်းသို့ ရွှေ့ပြောင်းခဲ့သည်။

ခရစ်နှစ် ၁၆၀၀ ခန့်တွင် စက်ဆုပ်ဖွယ်ကောင်းသော ဘာသာရေးစစ်ပွဲများ၊ အထူးသဖြင့် နှစ်သုံးဆယ်စစ် (၁၆၁၈-၁၆၄၈) ဖြင့် လွှမ်းမိုးနေခဲ့သည်။ အခြေခံအားဖြင့် ကတ်သလစ် နှင့် ပရိုတတ် တို့ကြား စစ်ပွဲတခုဖြစ်သည်။ သို့သော်လည်း အဓိကအားဖြင့်  နှစ်သုံးဆယ်ကြာ ကြောက်မက်ဖွယ် ခံစားရသော ဂျာမန်ဒေသများ၏ ဒေသ လွှမ်းမိုးမှု စစ်ပွဲများဖြစ်သည်။ ခရစ်နှစ် ၁၆၄၈  Westfalen မှ  ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲတွင် အချုပ်အခြာအာဏာပိုင် လူမျိုးစု ပြည်နယ်များ ထူးထောင်ရေး နိယာမ များ ရရှိခဲ့သည်။ ထို့နောက် ပြင်သစ်သည်  ဥရောပ ၏ အာဏာအရှိဆုံး တိုင်းပြည်အဖြစ် နေရာယူလာခဲ့သည်။ နိုင်ငံ၏ အာဏာသည် တစ်ဦးစံ ဘုရင်မှ တဆင့် ခေတ်မီသော ပြည်နယ် ယန္တရားတခု တည်ဆောက်ခြင်းနှင့် ဆက်စပ်နေသည်။ အထူးသဖြင့် “တိုင်းပြည်သည် ငါဖြစ်သည်” ဟုဆိုသော ကြေငြာချက်ဖြင့် တစ်ဦးဆံ ဘုရင်စနစ်တွင် Ludvig 14 သည် ထင်ရှားလာခဲ့သည်။ ဤနေရာတွင် ခရစ်နှစ် ၁၄၅၃ ခုနှစ် မှ  Gutenberg ၏ ပုံနှိပ် အနုပညာ အဓိပ္ပါယ်ကို အောက်မေ့ရကျိုးနပ်လာသည်။ စာပေကျမ်းများကို အကျိုးရှိစွာ ပြန်လည်ထုတ်ဝေ နိုင်ခြင်းကြောင့် ပင်ဖြစ်သည်။  ဤသို့ဖြင့် အနုပညာစာပေ ထုတ်လုပ်မှုနှင့် ဖြန့်ဝေ ရေးတွင် များစွာအဓိပ္ပါယ်ရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံယန္တရား တိုးတက်ရေးတွင်လည်း များစွာ ထိရောက်ခဲ့သည်။ ထိုသို့ဖြင့် ဘုရင်အာဏာဖြင့် ငွေကြေး စီးပွားရေးကို နေရာအနှံ့ ကျယ်ပြန့်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုမှတဆင့် ကိုယ်ပိုင်ဖူလုံရေးမှသည် ငွေကြေးစီးပွားရေးဖြင့် ကြေးစား စစ်သည်များ လည်ပတ်စေခဲ့သည်။ ဤသို့ဖြင့် ပဒေသရာဇ် ကျွန်စနစ်ကို လျော့ချခဲ့သည်။

ထိုကာလ၏ စီးပွားရေးပြယုဒ် သည် ကုန်သွယ်မှု(Mercantilism) ဖြစ်သည်။ လူမျိုးစု ပြည်နယ်များ ပေါ်ပေါက်ရေး၊ သက်ဦးဆံပိုင် ဘုရင် စနစ် နှင့် ကုန်သွယ်ရေး မြှင့်တင်းခြင်းမှ တဆင့် အင်းအားတောင့်တင်သော ပြည်နယ်များ ဖြစ်ပေါ်ရေးတို့ဖြင့် သွင်ပြင်လက္ခဏာများ ပေါ်ပေါက်ခဲ့သည်။ ထို စီးပွားရေးမူဝါဒသည် ဘုရင်၏ အာဏာအတွက် ၀င်ငွေများ သေချာခြင်း အားဖြင့် လှုံ့ဆော်ခဲ့သည်။ ဘုရင် ကိုယ်တိုင် စီးပွားရေး အစီအစဉ် စတင်မှုများ ပါဝင်သည့် တက်ကြွသော စီးပွားရေးမူ ၀ါဒကို ပထမဦးစွာ တွေ့မြင်ရသည်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လိုသူများ အားလုံးသည် ဘုရင်ထံမှ ခွင့်ပြုချက် ရယူရသည်။ ဤသို့ဖြင့် အခွန်ဝင်ငွေဖြင့် ချိတ်ဆက်၍ ဘုရင်၏ ၀င်ငွေကို ခိုင်မာ သေချာစေသည်။ ဒါ့အပြင် ထိုကုန်သည်များ ကို ပြိုင်ဖက်များ မှ ကာကွယ်ပေးသည်။ ထိုစီးပွားကို စနစ်ကို (Planned Economy) ဟု ခေတ်စကားဖြင့် ခေါ်ဆိုနိုင်သည်။ ဥစ္စာဓနကို ရွေ အလေးချိန်နဲ့ တိုင်းတာရသည်ကို နားလည်လာကြသည်။ လူတယောက်က ကုန်သွယ်မှု အပေါ်တွင် အမြတ်ရလျှင် ကျန်တယောက်သည် အရှုံးပြရသည်။ ထိုစီးပွားရေးဝါဒ ၏ အများစုသည် သွင်းကုန်ကို ကန့်သတ်၍ ထုတ်ကုန် ကို အားပေးသော စနစ်ဖြစ်သည်။ သိသာထင်ရှားသော ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးအမြတ်မျာမှ စီးပွားရေးတောင့်တင်းလာသော နိုင်ငံများလည်း ရှိခဲ့သည်။




Sunday, December 25, 2016

ဖွဲ့စည်းပုံဖော်ခြင်း နှင့် အသိပညာဆိုင်ရာ စေတနာ

နေ့စဉ်းသုံးစကားထဲမှာ ကျွန်တော်တို့သည် ဖွဲ့စည်းပုံဖော်ခြင်း ကို အပြုအမူတွေနဲ့ စပ်ဆက်ကြသည်။ ကျွန်တော်တို့သည် ဇွန်း နှင့် ခရင်းကို ထမင်းစားတဲ့ အခါ ဘယ်လို သုံးရမည် ဆိုသည်ကို သိသည်။ သူစိမ်းတယောက် ကို တွေ့လျှင် ဘယ်လို နှုတ်ဆက်ရမည် ဆိုတာကိုလဲသိကြ သည်။ ထိုသို့အဓိပ္ပါယ်ကို တို့ချဲ့စဉ်းစား ခြင်းဖြင့် လူတွေသည် အပြုအမူ နှင့် ပုံဖော်ခြင်းကို ပြုမူသည်၊ လူတွေသည် အတတ်ပညာ၊ ယဉ်ကျေးမှု နှင့် သမိုင်း တို့အတွက် အသိပညာအချို့ လိုအပ်သည်ဟု တချို့က ထင်ကြသည်။ ထိုအရာများသည် အသိုင်းအ၀ိုင်းတစ်ခု၏ ဒေသခံများအတွက် ဘုံဖြစ်နိုင်သည့်  ပုံဖော်ခြင်း ဆိုသော ယေဘုယျ ပုံဖော်ဆောင်ခြင်း အမြင်သဘောထား နှင့် ဆက်စပ်နေသည်။ ၎င်းပုံဖော်ခြင်း အမြင်သဘောထားသည် နိုင်ငံတခု၏ ယဉ်ကျေးမှု နှင့်လည်း စပ်ဆက်သည်။ ၁၈ရာစုပိုင်းက ပညာရေးသည် နိုင်ငံ၏ ပုံရိပ်ထဲမှ လူငယ်များ ဖွဲ့စည်းနိုင်ရန် ကူညီပေးခဲ့သည်။ ထိုအရာသည် ပြဿနာအချို့ ကို ပေါ်ပေါက်စေခဲ့သည်။

 ပထမ ဦးစွာ အမျိုးသားရေးဝါဒ နှင့် အမျိုးသားရေ လူမျိုးကြီး ၀ါဒ ကို ဖြစ်ပေါ်စေသည်။ ဒုတိယအနေနှင့် globalization အမည်တပ်သော ယနေ့ခေတ် အကြီးမားဆုံးသော ခေတ်ရေစီးကြောင်း ထဲက တခုနှင့် ဆက်စပ်နေသော ပုံဖော်ခြင်းတခု လိုအပ်သည်ဟု တချို့ ထင်မြင်ကြသည်။ အခြားတဖက်တွင် တိကျသော သမိုင်းဆိုင်ရာဇစ်မြစ် မရှိဘဲ ကြားနေ ပုံဖော်ဆောင်ငြင်း ပုံစံတခုကို ထိတွေ့ဆက်ခံခြင်းသည် အဓိပ္ပါယ်မကျပေ။ ထို့ကြောင့် ဖွဲ့စည်းပုံဖောခြင်းသည် ကမ္ဘာ့သမိုင်း နှင့် အသိဥာဏ်ပညာ ထွန်းကားလာသောခေတ်(၁၆၈၈ မှ ၁၇၈၉ )မှ အကြံပြုချက်များ၏ သမိုင်းကြောင်း များကို အခြေခံသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဒီိမိုကရေစီ၊ လူ့အခွင့်အရေးဆိုင်ရာများ၊ လွတ်လပ်မှု၊ သည်းခံနေခြင်း၊ တက္ကနည်း ကျကျ တွေးမြင်နိုင်သော စိတ်အင်အား  ယုံကြည်မှု၊ ဝေဖန်ခြင်း၏ အဓိပ္ပါယ်များကို တွေးတော ဆင်ခြင်လာကြသည်။

လွန်ခဲ့သော နှစ် ၂၀၀၊ ၃၀၀ ခန့်က အရေးပါသော လူတချို့သည် ယနေ့ခတ် အရင်းရှင်စနစ် ကို ပုံဖော်သွား ကြသည်။ ထိုအရေးပါသော သူများဆိုသည်မှာ Adam Smith, Karl Marx, Joseph Schumpeter and John Maynard Keynes(The Big Four) တို့ဖြစ်သည်။ သူတို့သည် သမိုင်းဆိုင်ရာ တိုးတက်မှု ကို နားလည်ရန် မရှိမဖြစ် ရှိသကဲ့သို့ ယနေ့ခေတ် လူ့အဖွဲ့အစည်းများ အတွက် အရေးပါနေဆဲဖြစ်သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း နှင့် ဆက်စပ်၍ သူတို့ လေးဦးအား မီးမောင်းထိုးပြခံ ခဲ့ရသည်။ သူတို့ထဲက မည်သူသည် ထိုအကျပ်အတည်းမှ ဘာတွေဖြစ်ခဲ့သည်ကို အကောင်းဆုံး ရှင်းပြနိုင်ခဲ့သည်၊ ဒီထက်မက ဘယ်သူက အကောင်းဆုံး အကြံအဥာဏ် ပေးနိုင်ခဲ့သည်များကို ဆွေးနွေးခဲ့ကြသည်။

ဒါ့အပြင် ဂျာမန် လူမှုဗေဒပညာရှင် Max Weber(1864-1920) အကြောင်းကိုလည်း ပြောကြခဲ့ရသည်။ သူ၏ တမူထူးခြားသော Protestant အလုပ်ကျင့်ဝတ် သည် အရင်းရှင်စနစ် အတွက် အခြေခံဖြစ်ခဲ့သည်။ ဒါ့အပြင် သူသည် စီးပွားရေး နှင့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု၊ အရင်းရှင်စနစ် ၏ ဖွံ့ဖြိုးတိုးတက်ရေး ကို နားလည်ရန်အတွက်လည်း အရေးကြီးသည်။

Alfred D. Chandler(1918-2007) သည် ဘာသာရပ်အမျိုးမျိုး၊ သူ၏ စီးပွားရေးလုပ်ငန်းများ၏ သမိုင်းဆိုင်ရာလေ့လာရေး မှ စည်းကမ်းများ၊ အထူးသဖြင့် ၁၉၀၀ ခေတ်မှ အကြီးစား စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုများတွင် လွှမ်းမိုးနိုင်ခဲ့သည်။ ၁၉၈၀ခုနှစ်များက liberal politic အတွက် အဆုံးစံဆောင်လုလင်ဖြစ်သော Miltom Friedman(1938-2006) သည် လက်ရှိအနောက်နိုင်ငံများ၏ လွှမ်းမိုးနေဆဲ နိုင်ငံရေးသမား တယောက်ဖြစ်သည်။ အထူးသဖြင့် သူ၏  ပြောဆိုမှုဖြစ်သော စီးပွားရေးလုပ်ငန်းများ၏ အဓိက CSR(corporate social resposibility) သည် ငွေရရှိရေးဖြစ်သည် ဆိုသည်မှာ ကျော်ကြားခဲ့သည်။ နော်ဝေ သမိုင်းပညာရှင် Francis Sejerstad ၏ နော်ဝေ ဒီမိုကရေစီ အရင်းရှင်စနစ် သည်လည်း အရေးပါသည်။  ဒဿနပညာရှင်များဖြစ်သော Aristoteles(BC 385-322) နှင့် Immanuel Kand(1724-1804) တို့၏ အတွေးအခေါ် နှင့် အယူအဆ ဖော်ပြချက်များသည် ယနေ့ခေတ်တွင် အဘယ်သို့ ခြုံလွှမ်းနေသည်များကို လေ့လာနိုင်သည်။

တုံ့ပြန် ရောင်ပြန်ဟပ်မှု နှင့် ဖွဲ့စည်းပုံဖော်ခြင်း၏ တခြား အရေးကြီးသော ဆောင်ပုဒ်မှာ ကျင့်ဝတ် နှင့် ကိုယ်ကျင်းတရား အသိဖြစ်သည်။ အသိရှိခြင်းအားဖြင့် ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား စိန်ခေါ်မှုများအတွက် အမြဲပြင်ဆင်ထားနိုင်သည်။ တခြား ပုံသဏ္ဍာန် တူ ဆောင်ပုဒ် တခုအနေဖြင့် ပညာတတ် စေတနာ ဖြစ်သည်။ ပညာတတ်ခြင်း အားဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ စေတနာ အားဖြင့် အသစ် နှင့် အဟောင်း စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားဖြစ်ကြသည်။ ပညာတတ် စေတနာ နှင့် ကျင့်ဝတ်အသိ တို့သည် စီးပွားရေးလုပ်ငန်း များတွင် အဓိက မပါမဖြစ် အရာတစ်ခုပင်ဖြစ်သည်။



Source: Sverre A. Christensen ( Article Collection, 2016

Friday, December 23, 2016

သမိုင်းရှုထောင့်

သမိုင်းရှုထောင့်သည် စကော့ရှယ်ယာလုပ်ငန်းများ၊ ခေါင်းဆောင်မှု၊ ပိုင်ဆိုင်မှု၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှု လုပ်ငန်း နှင့် နိုင်ငံနှင့် စီးပွားရေး ဆက်စပ်မှု အသီးသီးတို့၏ နက်နက်နဲနဲ နားလည်မှုကိုပေးနိုင်သည်။ တချိန်ထဲမှာပင် ကျင့်ဝတ်၊ ကိုယ်ကျင့်တရား နှင့် တာဝန် တို့သည် အဓိက စိန်ခေါ်မှုများဖြစ်လာသည်။ လောဘ နှင့် တစ်ကိုယ်ကောင်းဆန်မှုကို မည်သို့ ထိန်းချုပ်ရမည်၊ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ကို မည်သို့ဖြေရှင်းရမည်၊ အဘယ်ကြောင့် လူအမျိုးမျိုးတွင် အမှန် နှင့် အမှားအတွက် မတူညီသော အတွေးအခေါ်များ ရှိကြသည်၊  ကိုယ်ကျင့်တရား နယ်နိမိတ် အဘယ်ကြောင့် ပြောင်းလဲလာသည်ကို တွေ့ရှိရသည်၊ အစရှိသည့် မေးခွန်းပေါင်းများစွာ ကိုတွေ့ ရှိနိုင်သည်။

ကျွန်တော်တို့သည် စီးပွားရေးတိုးတက်မှုတို့၏ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စီပွားရေးလုပ်ငန်းတို့၏ လူ့အဖွဲ့အစည်းတာဝန်၊ ခေါင်းဆောင်မှု၊ ပိုင်ဆိုင်သူတို့၏တာဝန်၊ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှုများ၊ ဆန်းသစ်တီထွင်မှုများ နှင့် တိုင်းပြည်အခြေအနေ များ၏သမိုင်း ကိုလည်း တွေ့မြင်ကြရမည်။ ထိုသို့ လေ့လာခြင်း  အားဖြင့် စီးပွားရေးလုပ်များ အဘယ်ကြာင့်ယနေ့ခေတ် အခြေအနေအတိုင်း ရပ်တည်နေခြင်း နှင့် အခန်းကဏ္ဍတွေ အောင်မြင်စွာ လုပ်ကိုင်နိုင်စွမ်းရှိနေခြင်း တို့ကို ကောင်းစွာ နားလည်နိုင်မှာဖြစ်သည်။ ဥပမာ  အားဖြင့် မတူညီသော အဖွဲ့အစည်းများ၏ ပုံစံ၊ ခေါင်းဆောင်မှုဆိုင်ရာဓလေ့များ နှင့် နိုင်ငံပေါင်းစုံမှ မတူ  ညီေ သာ ပိုင်ဆိုင်သူမျာ၏ လွှမ်းမိုးမှုများ ကို  စီးပွားရေးသမိုင်းများ၏ ဖော်ပြမှုများမှ ရရှိမှာဖြစ်သည်။အမေရိကန်မှာ အဘယ်ကြောင့်စီးပွားရေးကဏ္ဍ မတူညီမှုများ၊ အဘယ်ကြောင့် နိုင်ငံတကာကုမ္ပဏီများ ဗြိတိန်နိုင်ငံမှ ပေါ်ပေါက်ခဲ့သည် အစရှိသည်များကိုလည်း သမိုင်းကို လေ့လာခြင်းအားဖြင့် သိရှိနိုင်သည်။ထို့ကြောင့် သမိုင်း အသိပညာသည် အလွန်ကို အသုံးဝင်သည်။ သမိုင်း အသိပညာနှင့် နားလည်ခြင်းတို့အရေးကြီးသလို အထက်ဖော်ပြပါ အခြေအနေများကို ရောင်ပြန်သုံးသပ်ခြင်းသည်လည်း အင်မတန်အရေးကြီးသည်။

ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် သမိုင်း၏ထုတ်ကုန် တစ်ခုဖြစ်သည်။မတူညီသော လူ့အဖွဲ့အစည်းများတွင် အမျိုးမျိုးသော အဖွဲ့အစည်းတွေရှိကြသည်။ ထိုအမျိုးမျိုးသော အဖွဲ့အစည်းများတွင် နိုင်ငံသားများ နှင့် စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို လွှမ်းမိုးနိုင်သော လူမှုရေး အလေ့အကျင့် နှင့် ကွဲပြားခြားနားသော စံချိန်စံညွှန်းများ၏ အဓိပ္ပါယ်များရှိသည်။ ထိုအဖွဲ့အစည်းများသည် အဓိကအားဖြင့် သမိုင်း၏ထုတ်ကုန်များဖြစ်ကြသည်။ သမိုင်းသည် လူပုဂ္ဂိုလ်နှင့် လူ့အဖွဲ့အစည်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ပုံဖြော်ပသည်။ အဲဒီအကြောင်းအရာ များသည် ကျွန်တော်တို့၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား များကို ဆုံးဖြတ်ပေးသည်။ သမိုင်းသည် လူ့အဖွဲ့အစည်း တခုနှင့် တခု၊ ထိုလူ့အဖွဲ့အစည်းအတွင်းတွင် နေထိုင်သော သူများ ၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ခြားနားမှုအဖြေကို ဖော်ပြသည်။

ကျွန်တော်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျွန်စနစ် စီးပွားရေးကို နှစ်ပေါင်း၂၀၀ ကျော်နီးပါး ထောက်ပြေနေချိန်မှာ ကျွန်တော်တို့ ယနေ့ခေတ် စားသုံးနေတဲ့ အစားအစာတွေဟာ ခေတ်သစ် ကျွန်စနစ်ကို အခြေခံပြီး ထုတ်လုပ်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်းတရာခန့်မှစ၍ သမိုင်းသည် အလွန်အရေးကြီး သည်ကို သိသာထင်ရှားလာခဲ့သည်။ သိပ္ပံပညာ နှင့် စက်မှုပညာ များထွန်းကားလာပြီးနောက် လူသား များသည် အတိတ်နှင့် ချည်နှောင်ထားသည်ကိုမေ့လျော့လာကြသည်။ ထိုသို့အတိတ်၏ အခန်းကဏ္ဍ မှေးမှိန်လားသော်လည်း သမိုင်း၏ အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်သည်။

ပထမဦးစွာ နိုင်ငံရေးအခင်းအကျင်းများတွင် သမိုင်းကို အသုံးပြုကြသလို အလွဲသုံးစားမှုများလည်း ရှိသည်။ ထို့ကြောင့် သမိုင်း၏ အရေးပါမှုသည် အလွန်အရေးကြီးသည်။ တခါတရံ အလွန်းအမင်း လေးနက်သည်။  သမိုင်းကို မတူညီးစွာ သဘောပေါက်နားလည်မှုသည် စစ်မက် ဖြစ်စေနိုင်လောက်သည်အထိ ဦးဆောင်နိုင်သည်ကို သာဓက များစွားဖြင့် တွေ့မြင်နိုင်သည်။ ပထမဆုံ ဥပမာ အနေဖြင့် တရုတ်၏ မိမိဘာသာ နားလည်မှတ်ယူထားသော အရှေ့တောင်အာရှမှ ၎င်းတို့၏ စူပါ ပါဝါ သမိုင်းသည် တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် ဖြစ်ပေါ်နေသော ရေပြင်ပိုင်ဆိုင်မှု အငြင်းအခုန်ကို ဖြစ်စေသည်။

မည်သည့် နိုင်ငံရေး စနစ် သို့မဟုတ် မည်သည့် စီးပွားရေးစနစ် သည် အကောင်းဆုံးဖြစ်သည် အစရှိသည့်  နိုင်ငံရေး ဆွေးနွေးမှုများတွင် သမိုင်းကို မကြာခဏ အသုံးပြုကြသည်။ တချို့သည် အမေရိကန်သည် လွတ်လပ်သော ဈေးကွက်စီးပွားရေး နှင့် သူ၏ ပမာဏပုဂ္ဂလိက ခြေလှမ်းများကြောင့် ကမ္ဘာပေါ်တွင် သြဇာအကြီးမားဆုံး နိုင်ငံဖြစ်သည်ဟု ဆိုကြသည်။ တချို့က သမိုင်းက ကျွန်တော်တို့ကိုပြောသည် အမေရိကန်သည်  ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အာဏာကို အခြေခံသော သုတေသနအများစုတွင် ဘဏ္ဍာရေးထားရှိမှုတို့ကြောင့် ကမ္ဘာပေါ်တွင် သြဇာအာဏာအကြီးမားဆုံးဖြစ်သည် ဟုလည်း ဆိုကြသည်။ တချို့ ကဆိုကြပြန်သည် အနောက်နိုင်ငံများသည် လွန်လပ်သော နိုင်ငံတကာ ကုန်သွယ်မှုများကြောင့် စီးပွားရေးကြွယ်ဝ မှုများကို ခံစားရသည်။  အနောက်နိုင်ငံများသည် သွင်းကုန်အခွန်အတားအဆီးဖြင့် သူတို့၏ စက်မှုလုပ်ငန်းများကို ကာကွယ်ခြင်းဖြင့် ချမ်းသာလာကြည်သည်  တချို့ ဆိုပြန်သည်။ ထိုသို့ဖြင့် များသွားသော သမိုင်းငြင်းခုန်မှု   မေးခွန်းပေါင်းများစွာရှိနေဆဲဖြစ်သည်။

သမိုင်းဆိုင်ရာ အသိပညာ နှင့် နားလည်မှုသည် ခိုင်ခံ့မှု နှင့် လွတ်မြောက်မှု များကို ထင်မြင်ဟပ်စေသည်။ လူ့အဖွဲ့အစည်း အများစုတွင် ဤကဲ့သို့သော ထင်မြင်ဟပ်မှု နှင့် ဆက်စပ်နေသော လှုပ်ရှားမှုတခု အမြဲရှိနေအပ်သည်။ ဥပမာ အားဖြင့် နော်ဝေသည် ၎င်းတို့၏ အခြေခံဥပဒေ ဖြစ်ပေါ်မှု နှစ်ပေါင်းနှစ်ရာပြည့်ပွဲတော်ကို ၂၀၁၄ တွင် ကျင်းပခဲ့သည်။ ထိုပွဲတော်နှင့် စပ်ဆက်၍ ၁၈၁၄ ၀န်းကျင်က အဖြစ်အပျက်များ နှင့် သက်ရောက်မှုများ၏ အသိပညာ နှင့် နားလည်မှုတို့ကို တိုးမြှင့်ရန် နှင့် ပိုမိုလေးနက်စေရန် များစွာသော ရန်ပုံငွေကို အသုံးပြုခဲ့သည်။ဤသို့သော ပွဲတော်၏ အဓိက ရည်ရွယ်ချက်သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး နှင့် ဆက်စပ်နေသော နော်ဝေနိုင်ငံ ၏ အစဉ်အလာကို ပိုမိုခိုင်ခံ့စေရန် ဖြစ်သည်။ ဤသို့ဖြင့် နော်ဝေလူမျိုးတို့သည် အဖိုးထိုက်တန်သော၊ အကျိုးရှိသော သမိုင်းဝင် တန်ဖိုးများကို ခိုင်ခံ့စာ ထင်မြင်ဟပ်စေသည်။

သမိုင်းသည် ခက်ခဲမှုများ ကိုလည်း ထင်ဟပ်စေသည်။ ဥပမားအားဖြင့် ဒုတိယ ကမ္ဘာစစ် သည် ဂျာမနီနိုင်ငံ အတွက် ခက်ခဲသော သွင်ပြင်လက္ခဏာဖြစ်စေသည်။  Aldof Hitler နှင့် သူ၏ နာဇီစစ် အစိုးရသည် လူထု၏ ကြီးမားစွာသော ထောက်ပံ့မှုကို ရရှိခဲ့ပြီး Aldof Hitler သည် ဒီမိုကရေစီ လမ်းစဉ်ဖြင့်ပင် ၁၉၃၃ တွင် ဂျာမနီနိုင်ငံ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ဤအရာသည် ခက်ခဲသော သမိုင်းတခုအနေဖြင့် နားလည်နိုင်ရင် မခက်ခဲပေ။ ထိုအရာသည် အတိတ်နှင့် ကိုင်တွယ်ရသော၊ ဘယ်သို့သော အရာက မှားခဲ့သည်ဆိုသော နားလည်မှု နှင့် အသိပညာ တို့၏ပေါင်းစပ်ထားသော လေးနက်သော သမိုင်းဆိုင်ရာလေ့လာမှုများကို အခြေခံသည့် အရာတခုဖြစ်လာသည်။ ဒါ့အပြင် Aldof Hitler နှင့် သူ၏ နာဇီစစ် အစိုးရ ကို ခုံခံတိုက်ခိုက်ခဲ့သည့် သူများကို မီးမောင်းထိုးပြကြသည်။ နှစ်တိုင်း Aldof Hitler ကို လုပ်ကြံသည့် ဇူလိုင် ၂၀၊ ၁၉၄၄ ကို မှတ်သားထားကြသည်။ ဂျာမန် လူမျိုးများသည် ထိုသမိုင်းဆိုးကို အလေးအနက်ထားရန် အစား အနာဂါတ် စိန်ခေါ်မှုများအတွက် စိတ်ဝင်စားမှုကို အစေခံနိုင်သော၊ ပို၍တန်ဖိုးရှိသော၊ ရှေ့ဆက် မီးမောင်းထိုးပြနိုင်သော၊ တခြား အစဉ်အလာကို ရှေ့ဆက်သယ်ဆောင်ရန် ကြိုးစားကြသည်။ ထိုသိုဖြင့် အသစ်သော သမိုင်းရှုထောင့်သည် စီးပွားရေးကိုလည်း ထင်မြင်ဟပ်စေသည်။ နိုင်ငံရေး အာဏာပိုင်များသည် အရေးကြီးသော အဓိပ္ပါယ်ရှိသည့် တိကျခိုင်မာသော သမိုင်းဆိုင်ရာ ဖြစ်ရပ်များ၏ အစပ်များနှင့် လူ့အသိုင်းအ၀ိုင်း၏ အမြင်ကို လွှမ်းမိုးရန် ကြိုးစာလာကြသည်။ ဒါ့အပြင် စာသင်ကျောင်း နှင့် ပညာရေးသည် ကျွန်တော်တို့၏ သမိုင်းဆိုင်ရာ သက်သေများကို လွှမ်းမိုးရန် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။

Source: Sverre A. Christensen ( Article Collection, 2016)

Thursday, December 22, 2016

စီးပွားရေးလုပ်ငန်း

စီးပွားရေးလုပ်ငန်းသည် ထုပ်လုပ်မှု၊ ရောင်းချ ၀ယ်ယူမှု၊ ရင်းနှီးမြှပ်နှံမှု နှင့် ဈေးကွက်ရှာဖွေမှု အစရှိသည့် လှုပ်ရှားမှုများ ပါဝင်သည့် နယ်ပယ် တခုဖြစ်သည်။ ဒါ့အပြင် အစီအစဉ်များ နှင့် မဟာဗျူဟာမျာလည်း ပါဝင်သည်။ လူအများစု၏ ဂုဏ်သတ္တိများ၊ ကောင်းမှု နှင့် ဆိုးမှုများသည် စီပွားလုပ်ငန်းခွင်တွင် ထုတ်ဖော်ပြောဆိုလာကြသည်။ လူအများစုအတွက် စီးပွားရေးလုပ်ငန်းသည် အလုပ်ခွင်၊ ဘ၀တွင် အရေးကြီးဆုံး နယ်ပယ်တခု၊ ဒါ့အပြင် လူသားများ၏ နိုးထနေသော အချိန်အများစုတို့ ကုန်လွန် ကျော်ဖြတ်သန်းရသော နေရာတခုဖြစ်သည်။ ထိုသို့ဖြင့် စီပွားရေးလုပ်ငန်းများသည် ၀န်ထမ်းများ၏ ဘ၀ကို ပုံဖော်မည့် သူတို့၏ ၀ိသေသလက္ခဏာအတွက် အလွန်အရေးကြီးသည်။တချိန်ထဲမှာပင် စီးပွားရေးလုပ်ငန်း အများစုသည် သူတို့၏ ၀ယ်ယူသူများ ကို အံဝင်နိုင်သော ထုတ်ကုန်များနှင့် စီးပွားရေးလုပ်ငန်းများ၏ ၀ိသေသလက္ခဏာကို ဖန်းတီးရန် ကြိုးပမ်းလာကြသည်။

စီးပွားရေးလုပ်ငန်းသည် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများ နှင့် ပြဿနာမျာ ပေါ်ပေါက်သော နေရာတခုလည်းဖြစ်သည်။ အလွန်းအကြူး သုံးစွဲမှု နှင့် ၀ယ်ယူမှုဖိအားကိုလည်း ဖြစ်ပေါ်စေသည်။ စီးပွားရေးလုပ်ငန်းများသည် စတော့ရှယ်ယားဈေးကွက်များသည် ကြေက်ရွှံ့ခြင်း နှင့် လောဘကြီးခြင်း တို့ကို ပေါ်ပေါက် ဖြစ်စေသာ ဘဏ္ဍာရေး ၀တ္ထုများအဖြစ် သုံးသပ် ဆင်ခြင်ခြင်းများကို ခံရသည်။ စီးပွားရေးလုပ်ငန်းသည် အာဏာ နှင့် အာဏာ အလွဲသုံးစား ကျင့်သုံးနေသော နယ်ပယ်တခုလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်း တခြားနယ်ပယ် များတွင် တွေ့မြင်ရသော လိင်ပိုင်ဆိုင်ရာ နှောင့်ယှက်မှုများ၊ လူမျိုးရေး ၀ါဒ၊ လိင်တူပြဿနာ နှင့် အနိုင်ကျင့်မှုများသည် လည်း စီးပွားရေးလုပ်ငန်းများ တွင် တွေ့မြင်ရသည်။ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်သော ဥပေဒေ နှင့် စည်းမျဉ်များကို ပြောင်းလဲဖြတ်တောက်ကာ အဆိုပြုခြင်းများ ပြုလုပ်ကြသည်။ ကိုယ်ပိုင် ကိုယ်ကျင့်တရား စံချိန်းမျာကို အစမ်းသပ်ခံ နိုင်ရသည်။ နောက်ဆုံးအနေဖြင့် စီးပွားရေးလုပ်ငန်းများသည် တဖက်မှာ အလုပ်အကိုင်များ ဖန်းတီးရန်နှင့် စီးပွားရေးလုပ်ငန်းများ ပါဝင်သည့် ပြည်သူ့အသိုင်းအ၀ိုင်း သိသိသာသာ တိုးတက်မှုနှုန်းများ ဖန်တီးရန်၊ တချိန်ထဲမှာပင် ပတ်ဝန်းကျင်ဆိုင်ရာ ဝေဖန်တွန်အားပေးမှုများ အစရှိသည်း ပြဿနာပေါင်းများစွာ တည်ရှိနေသည်။

သို့သော်လည်း စီးပွားရေးလုပ်ငန်းသည် များစွာသော ကောင်းကျိုးများ ဖြစ်ပေါ်စေသည်ကိုလည်း မမေ့ပျောက်ရန် အရေးကြီးသည်။ သူတို့သည် ကောင်းစွာသော လုပ်ငန်းခွင်၊ တန်ဖိုးရှိသော ထုတ်ကုန်များ၊ ကောင်းမွန်သော အတွေ့အကြုံ နှင့် လူ့အသိုင်းအ၀ိုင်းတာဝန် ကိုလည်း တာဝန်ယူဆောင်ရွက်နိုင်သည်။ စီးပွားရေးလုပ်ငန်းများသည် လူမှုဖူလုံရေး နှင့် ရပ်ရွာများ တိုးတက်မှုများအတွက် အခွန် နှင့် အဖိုးအခများ ပေးဆောင်ကြသည်။ စီးပွားရေးလုပ်ငန်းများမှ ၀န်ထမ်းများသည် လုံ့လ၀ိရိယ၊ ဖန်တီးမှု၊ သင်ယူမှုနှင့် ကျွမ်းကျင်မှုတို့ကို ဖော်ထုတ်လာကြသည်။။ ဤသို့ဖြင့် သန့်စင် ရင့်ကျက်သော လူသားမျာဖြစ်စေသည်။  လွန်ခဲ့သော နှစ်တစ်ရာအတွင်း အနောက်ကမ္ဘာမှာ ကြုံတွေ့ရသော အံ့သြဖွယ် စီးပွားရေးတိုးတက်မှုနှုန်း၏ အဓိက အရေးကြီးဆုံးအချက်များမှ တစ်ချက်သည် စီးပွားရေးလုပ်ငန်များ၏ တိုးတက်ပြောင်းလဲမှုကြောင့် ဖြစ်သည်။ နောက်ပိုင်း ဆယ်စုနှစ်အတွင်း အာရှတိုက်ရှိ လူသန်းပေါင်းများစွာ၏ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လာမှု သည်လည်း အလားတူ သက်ဆိုင်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ နှင့် စတော့ရှယ်ယာ လုပ်ငန်းများသည် လူအများ၏ စိတ်ဝင်ခြင်းကို ခံစားကြသည်။ စာရေးဆရာ John Micklethwait and Adrain Wooldrideg ရေးသော  “The company: a short history of a revolutionary idea” တွင်  “ The most important organization in the world is the the company: the basis for prosperity of the West and the best hope for the future of the rest of the world” ဆိုပြီး ဖော်ပြထားသည်။

Source: Sverre A. Christensen (Article Collecting, 2016)


Wednesday, December 21, 2016

နိဒါန်း

စီးပွားရေးလုပ်ငန်းသည် ဈေးကွက်စီးပွားရေးစနစ်တွင် အရေးကြီးဆုံးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းတခု ဖြစ်သည်။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်း ဆိုင်ရာကဏ္ဍများတွင် ကြီးမားသော စိန်ခေါ်မှုများ မေခွန်းပေါင်းများစွာ ပါဝင်နေသည် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၊ ခေတ်သစ် ကျွန်စနစ်ဆန်ဆန် စီးပွားရေးလုပ်ငန်းများ ၊    ဆင်းရဲသောနိုင်ငံများမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများ၏ အနာဂတ်များ၊ တို့တွင် ဝေဖန်မှုများစွာ  ရှိနေသည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေရှ်နိုင်ငံ မှ အ၀တ်အထည်စက်ရုံ မီးလောင်မှုကြောင့် အလုပ်သမား ၁ထောင် ကျော် အသက်သေဆုံးခဲ့ရသည်။ တချိန်ထဲမှာဘဲ နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ကြီးများသည် အာရှနိုင်ငံရှိ ဆင်းရဲသောနိုင်င်ငံများ၏ ဆင်းရဲမွဲတေမှုစနစ်ဆိုးမှ မြှင့်တင်ပေးနိုင်ခဲ့မှုတွင် အဓိကကျသည်။ သို့သော်လည်း တချိန်ထဲမှာပင် အနောက်နိုင်ငံများ၏  စီးပွားရေးမညီမျှမှုများ သိသိသာသာ တိုးလာခဲ့သည်။ အထူးသဖြင့် ဘဏ်နှင့် ဘဏ္ဍာရေးဌာန ထိပ်တန်းခေါင်းဆောင်များ၏ လစာများ၊ ဆုကြေးများသည် အံ့မခန်းမိုးမြင့်အောင် မြင့်မားလာသည်။ ထို့အတူ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းသည် ထိုလုပ်ငန်ဌာနများ၏ အဓိက ပယောကဂ များပါဝင်ခဲ့သည်။ နောက်ဆက်တွဲအနေအနဲ့ ဥရောပတောင်ပိုင်း အထူးသဖြင့် ဂရိနိုင်ငံ၏ အကြွေးမြီးအကျပ်အတည်းတွင် သန်းချိန်သော လူငယ်များ အလုပ်လက်မဲ့ဘ၀ သို့ရောက်ခဲ့ရပြီး သက်ကြီးပိုင်းများတွင်လည်း သူတို့၏ ပင်စင် လစာအတွက် အထူးစိုးရိမ်ပူပန်ကြောင့်ကျခဲ့ရသည်။ ဈေးကွက်စီးပွားရေးစနစ် နှင့် ဒီမိုကရေစီစနစ်သည် အတူဒွန်တွဲနေမှုကို စီးပွားရေးသမိုင်း အစဉ်အလာအရ ကျန်တော်တို့သိရှိခဲ့ပြီးအချိန်တွင် တရုတ်နိုင်ငံ၏ဈေးကွက်စီးပွားရေးစနစ်သည် ထိုနိုင်ငံ၏ ဒီမိုကရေစီစနစ် တိုးတက်ထွန်းကာရေးတွင် အတူဒွန်တွဲနေခြင်း ရှိမရှိကို ကျန်တော်တို့ ရင်ခုန်စွာစောင့်ဆိုင်း ကြည့်ရှုရတော့မြည်သာဖြစ်သည်။

Source: Sverre A. Christensen ( Article Collection, 2016)