သမိုင်းရှုထောင့်သည် စကော့ရှယ်ယာလုပ်ငန်းများ၊ ခေါင်းဆောင်မှု၊ ပိုင်ဆိုင်မှု၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှု လုပ်ငန်း နှင့် နိုင်ငံနှင့် စီးပွားရေး ဆက်စပ်မှု အသီးသီးတို့၏ နက်နက်နဲနဲ နားလည်မှုကိုပေးနိုင်သည်။ တချိန်ထဲမှာပင် ကျင့်ဝတ်၊ ကိုယ်ကျင့်တရား နှင့် တာဝန် တို့သည် အဓိက စိန်ခေါ်မှုများဖြစ်လာသည်။ လောဘ နှင့် တစ်ကိုယ်ကောင်းဆန်မှုကို မည်သို့ ထိန်းချုပ်ရမည်၊ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ကို မည်သို့ဖြေရှင်းရမည်၊ အဘယ်ကြောင့် လူအမျိုးမျိုးတွင် အမှန် နှင့် အမှားအတွက် မတူညီသော အတွေးအခေါ်များ ရှိကြသည်၊ ကိုယ်ကျင့်တရား နယ်နိမိတ် အဘယ်ကြောင့် ပြောင်းလဲလာသည်ကို တွေ့ရှိရသည်၊ အစရှိသည့် မေးခွန်းပေါင်းများစွာ ကိုတွေ့ ရှိနိုင်သည်။
ကျွန်တော်တို့သည် စီးပွားရေးတိုးတက်မှုတို့၏ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စီပွားရေးလုပ်ငန်းတို့၏ လူ့အဖွဲ့အစည်းတာဝန်၊ ခေါင်းဆောင်မှု၊ ပိုင်ဆိုင်သူတို့၏တာဝန်၊ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှုများ၊ ဆန်းသစ်တီထွင်မှုများ နှင့် တိုင်းပြည်အခြေအနေ များ၏သမိုင်း ကိုလည်း တွေ့မြင်ကြရမည်။ ထိုသို့ လေ့လာခြင်း အားဖြင့် စီးပွားရေးလုပ်များ အဘယ်ကြာင့်ယနေ့ခေတ် အခြေအနေအတိုင်း ရပ်တည်နေခြင်း နှင့် အခန်းကဏ္ဍတွေ အောင်မြင်စွာ လုပ်ကိုင်နိုင်စွမ်းရှိနေခြင်း တို့ကို ကောင်းစွာ နားလည်နိုင်မှာဖြစ်သည်။ ဥပမာ အားဖြင့် မတူညီသော အဖွဲ့အစည်းများ၏ ပုံစံ၊ ခေါင်းဆောင်မှုဆိုင်ရာဓလေ့များ နှင့် နိုင်ငံပေါင်းစုံမှ မတူ ညီေ သာ ပိုင်ဆိုင်သူမျာ၏ လွှမ်းမိုးမှုများ ကို စီးပွားရေးသမိုင်းများ၏ ဖော်ပြမှုများမှ ရရှိမှာဖြစ်သည်။အမေရိကန်မှာ အဘယ်ကြောင့်စီးပွားရေးကဏ္ဍ မတူညီမှုများ၊ အဘယ်ကြောင့် နိုင်ငံတကာကုမ္ပဏီများ ဗြိတိန်နိုင်ငံမှ ပေါ်ပေါက်ခဲ့သည် အစရှိသည်များကိုလည်း သမိုင်းကို လေ့လာခြင်းအားဖြင့် သိရှိနိုင်သည်။ထို့ကြောင့် သမိုင်း အသိပညာသည် အလွန်ကို အသုံးဝင်သည်။ သမိုင်း အသိပညာနှင့် နားလည်ခြင်းတို့အရေးကြီးသလို အထက်ဖော်ပြပါ အခြေအနေများကို ရောင်ပြန်သုံးသပ်ခြင်းသည်လည်း အင်မတန်အရေးကြီးသည်။
ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းသည် သမိုင်း၏ထုတ်ကုန် တစ်ခုဖြစ်သည်။မတူညီသော လူ့အဖွဲ့အစည်းများတွင် အမျိုးမျိုးသော အဖွဲ့အစည်းတွေရှိကြသည်။ ထိုအမျိုးမျိုးသော အဖွဲ့အစည်းများတွင် နိုင်ငံသားများ နှင့် စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို လွှမ်းမိုးနိုင်သော လူမှုရေး အလေ့အကျင့် နှင့် ကွဲပြားခြားနားသော စံချိန်စံညွှန်းများ၏ အဓိပ္ပါယ်များရှိသည်။ ထိုအဖွဲ့အစည်းများသည် အဓိကအားဖြင့် သမိုင်း၏ထုတ်ကုန်များဖြစ်ကြသည်။ သမိုင်းသည် လူပုဂ္ဂိုလ်နှင့် လူ့အဖွဲ့အစည်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ပုံဖြော်ပသည်။ အဲဒီအကြောင်းအရာ များသည် ကျွန်တော်တို့၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား များကို ဆုံးဖြတ်ပေးသည်။ သမိုင်းသည် လူ့အဖွဲ့အစည်း တခုနှင့် တခု၊ ထိုလူ့အဖွဲ့အစည်းအတွင်းတွင် နေထိုင်သော သူများ ၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ခြားနားမှုအဖြေကို ဖော်ပြသည်။
ကျွန်တော်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျွန်စနစ် စီးပွားရေးကို နှစ်ပေါင်း၂၀၀ ကျော်နီးပါး ထောက်ပြေနေချိန်မှာ ကျွန်တော်တို့ ယနေ့ခေတ် စားသုံးနေတဲ့ အစားအစာတွေဟာ ခေတ်သစ် ကျွန်စနစ်ကို အခြေခံပြီး ထုတ်လုပ်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်းတရာခန့်မှစ၍ သမိုင်းသည် အလွန်အရေးကြီး သည်ကို သိသာထင်ရှားလာခဲ့သည်။ သိပ္ပံပညာ နှင့် စက်မှုပညာ များထွန်းကားလာပြီးနောက် လူသား များသည် အတိတ်နှင့် ချည်နှောင်ထားသည်ကိုမေ့လျော့လာကြသည်။ ထိုသို့အတိတ်၏ အခန်းကဏ္ဍ မှေးမှိန်လားသော်လည်း သမိုင်း၏ အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်သည်။
ပထမဦးစွာ နိုင်ငံရေးအခင်းအကျင်းများတွင် သမိုင်းကို အသုံးပြုကြသလို အလွဲသုံးစားမှုများလည်း ရှိသည်။ ထို့ကြောင့် သမိုင်း၏ အရေးပါမှုသည် အလွန်အရေးကြီးသည်။ တခါတရံ အလွန်းအမင်း လေးနက်သည်။ သမိုင်းကို မတူညီးစွာ သဘောပေါက်နားလည်မှုသည် စစ်မက် ဖြစ်စေနိုင်လောက်သည်အထိ ဦးဆောင်နိုင်သည်ကို သာဓက များစွားဖြင့် တွေ့မြင်နိုင်သည်။ ပထမဆုံ ဥပမာ အနေဖြင့် တရုတ်၏ မိမိဘာသာ နားလည်မှတ်ယူထားသော အရှေ့တောင်အာရှမှ ၎င်းတို့၏ စူပါ ပါဝါ သမိုင်းသည် တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် ဖြစ်ပေါ်နေသော ရေပြင်ပိုင်ဆိုင်မှု အငြင်းအခုန်ကို ဖြစ်စေသည်။
မည်သည့် နိုင်ငံရေး စနစ် သို့မဟုတ် မည်သည့် စီးပွားရေးစနစ် သည် အကောင်းဆုံးဖြစ်သည် အစရှိသည့် နိုင်ငံရေး ဆွေးနွေးမှုများတွင် သမိုင်းကို မကြာခဏ အသုံးပြုကြသည်။ တချို့သည် အမေရိကန်သည် လွတ်လပ်သော ဈေးကွက်စီးပွားရေး နှင့် သူ၏ ပမာဏပုဂ္ဂလိက ခြေလှမ်းများကြောင့် ကမ္ဘာပေါ်တွင် သြဇာအကြီးမားဆုံး နိုင်ငံဖြစ်သည်ဟု ဆိုကြသည်။ တချို့က သမိုင်းက ကျွန်တော်တို့ကိုပြောသည် အမေရိကန်သည် ၎င်းတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အာဏာကို အခြေခံသော သုတေသနအများစုတွင် ဘဏ္ဍာရေးထားရှိမှုတို့ကြောင့် ကမ္ဘာပေါ်တွင် သြဇာအာဏာအကြီးမားဆုံးဖြစ်သည် ဟုလည်း ဆိုကြသည်။ တချို့ ကဆိုကြပြန်သည် အနောက်နိုင်ငံများသည် လွန်လပ်သော နိုင်ငံတကာ ကုန်သွယ်မှုများကြောင့် စီးပွားရေးကြွယ်ဝ မှုများကို ခံစားရသည်။ အနောက်နိုင်ငံများသည် သွင်းကုန်အခွန်အတားအဆီးဖြင့် သူတို့၏ စက်မှုလုပ်ငန်းများကို ကာကွယ်ခြင်းဖြင့် ချမ်းသာလာကြည်သည် တချို့ ဆိုပြန်သည်။ ထိုသို့ဖြင့် များသွားသော သမိုင်းငြင်းခုန်မှု မေးခွန်းပေါင်းများစွာရှိနေဆဲဖြစ်သည်။
သမိုင်းဆိုင်ရာ အသိပညာ နှင့် နားလည်မှုသည် ခိုင်ခံ့မှု နှင့် လွတ်မြောက်မှု များကို ထင်မြင်ဟပ်စေသည်။ လူ့အဖွဲ့အစည်း အများစုတွင် ဤကဲ့သို့သော ထင်မြင်ဟပ်မှု နှင့် ဆက်စပ်နေသော လှုပ်ရှားမှုတခု အမြဲရှိနေအပ်သည်။ ဥပမာ အားဖြင့် နော်ဝေသည် ၎င်းတို့၏ အခြေခံဥပဒေ ဖြစ်ပေါ်မှု နှစ်ပေါင်းနှစ်ရာပြည့်ပွဲတော်ကို ၂၀၁၄ တွင် ကျင်းပခဲ့သည်။ ထိုပွဲတော်နှင့် စပ်ဆက်၍ ၁၈၁၄ ၀န်းကျင်က အဖြစ်အပျက်များ နှင့် သက်ရောက်မှုများ၏ အသိပညာ နှင့် နားလည်မှုတို့ကို တိုးမြှင့်ရန် နှင့် ပိုမိုလေးနက်စေရန် များစွာသော ရန်ပုံငွေကို အသုံးပြုခဲ့သည်။ဤသို့သော ပွဲတော်၏ အဓိက ရည်ရွယ်ချက်သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး နှင့် ဆက်စပ်နေသော နော်ဝေနိုင်ငံ ၏ အစဉ်အလာကို ပိုမိုခိုင်ခံ့စေရန် ဖြစ်သည်။ ဤသို့ဖြင့် နော်ဝေလူမျိုးတို့သည် အဖိုးထိုက်တန်သော၊ အကျိုးရှိသော သမိုင်းဝင် တန်ဖိုးများကို ခိုင်ခံ့စာ ထင်မြင်ဟပ်စေသည်။
သမိုင်းသည် ခက်ခဲမှုများ ကိုလည်း ထင်ဟပ်စေသည်။ ဥပမားအားဖြင့် ဒုတိယ ကမ္ဘာစစ် သည် ဂျာမနီနိုင်ငံ အတွက် ခက်ခဲသော သွင်ပြင်လက္ခဏာဖြစ်စေသည်။ Aldof Hitler နှင့် သူ၏ နာဇီစစ် အစိုးရသည် လူထု၏ ကြီးမားစွာသော ထောက်ပံ့မှုကို ရရှိခဲ့ပြီး Aldof Hitler သည် ဒီမိုကရေစီ လမ်းစဉ်ဖြင့်ပင် ၁၉၃၃ တွင် ဂျာမနီနိုင်ငံ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ဤအရာသည် ခက်ခဲသော သမိုင်းတခုအနေဖြင့် နားလည်နိုင်ရင် မခက်ခဲပေ။ ထိုအရာသည် အတိတ်နှင့် ကိုင်တွယ်ရသော၊ ဘယ်သို့သော အရာက မှားခဲ့သည်ဆိုသော နားလည်မှု နှင့် အသိပညာ တို့၏ပေါင်းစပ်ထားသော လေးနက်သော သမိုင်းဆိုင်ရာလေ့လာမှုများကို အခြေခံသည့် အရာတခုဖြစ်လာသည်။ ဒါ့အပြင် Aldof Hitler နှင့် သူ၏ နာဇီစစ် အစိုးရ ကို ခုံခံတိုက်ခိုက်ခဲ့သည့် သူများကို မီးမောင်းထိုးပြကြသည်။ နှစ်တိုင်း Aldof Hitler ကို လုပ်ကြံသည့် ဇူလိုင် ၂၀၊ ၁၉၄၄ ကို မှတ်သားထားကြသည်။ ဂျာမန် လူမျိုးများသည် ထိုသမိုင်းဆိုးကို အလေးအနက်ထားရန် အစား အနာဂါတ် စိန်ခေါ်မှုများအတွက် စိတ်ဝင်စားမှုကို အစေခံနိုင်သော၊ ပို၍တန်ဖိုးရှိသော၊ ရှေ့ဆက် မီးမောင်းထိုးပြနိုင်သော၊ တခြား အစဉ်အလာကို ရှေ့ဆက်သယ်ဆောင်ရန် ကြိုးစားကြသည်။ ထိုသိုဖြင့် အသစ်သော သမိုင်းရှုထောင့်သည် စီးပွားရေးကိုလည်း ထင်မြင်ဟပ်စေသည်။ နိုင်ငံရေး အာဏာပိုင်များသည် အရေးကြီးသော အဓိပ္ပါယ်ရှိသည့် တိကျခိုင်မာသော သမိုင်းဆိုင်ရာ ဖြစ်ရပ်များ၏ အစပ်များနှင့် လူ့အသိုင်းအ၀ိုင်း၏ အမြင်ကို လွှမ်းမိုးရန် ကြိုးစာလာကြသည်။ ဒါ့အပြင် စာသင်ကျောင်း နှင့် ပညာရေးသည် ကျွန်တော်တို့၏ သမိုင်းဆိုင်ရာ သက်သေများကို လွှမ်းမိုးရန် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။
Source: Sverre A. Christensen ( Article Collection, 2016)

No comments :
Post a Comment